ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့အပြင် လီဗာပူးအသင်း နောက်ထပ် ရင်ဆိုင်ရဦးမယ့် ပြဿနာ

လီဗာပူးအသင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သက်တမ်းတိုးဖို့ အခုချိန်ထိ စကားမပြောသေးသလို ကစားသမားတွေနဲ့ စာချုပ်ကိစ္စတွေ မီဒီယာထက်မှာ ပျံ့နှံ့လာမှာကိုလည်း အလိုမရှိပါဘူး။

အသင်းဟာ နောက်ကွယ်မှာတော့ ဒီကစားသမား ၃ ဦးကို ဘယ်လို စာချုပ်ပေးမလဲ ဆိုတဲ့ ကိစ္စကို အကဲဖြတ်နေကြတယ်လို့ နားလည်ထားရပြီး ထရန့်ကလွဲရင် ကျန် ၂ ဦးက အသက် ၃၀ အထက်ကို အတော်လေး ကျော်လွန်နေပြီဖြစ်ပါတယ်။

၂၀၂၅ နွေမှာ စာချုပ်ကုန်မယ့် ဒီ ၃ ဦးကို ရာသီမသိမ်းခင်မှာ အသင်းဘက်က စာချုပ်သစ်ပေးနိုင်မယ် မျှော်လင့်ပေမယ့် နောက်ထပ်သော ပြဿနာက ရှိနေပါသေးတယ်။

အသင်းရဲ့ အဓိက ခံစစ်မှူး ကိုနတေးကလည်း ၂၀၂၆ ခုနှစ် နွေမှာ စာချုပ်ကုန်မှာဖြစ်ပါတယ်။ စာချုပ်ကုန်ချိန်မှာ သူ့အသက်က ၂၇ နှစ်အရွယ် ရှိနေမှာပါ။ ဒါကြောင့် အသင်းဘက်က သူ့ကို ကာလရှည်စာချုပ် ပေးမပေး စဉ်းစားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ စာချုပ် ၂ နှစ် ကျန်ရှိသေးတဲ့ ကိုနတေးကိုလည်း လီဗာပူးဘက်က စာချုပ်သစ်ပေးဖို့ ကြိုးစားနေတာမျိုး မရှိသေးပါဘူး။ ပြင်သစ်သားဟာ အနာဂတ်မှာ အသင်းပြောင်းရေး လမ်းပွင့်နေဆဲဖြစ်ပါတယ်။

လီဗာပူးအားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ သူ့ရဲ့ ရှေ့က တာဝန်ယူခဲ့တဲ့ ဂျူလီယန် ဝတ်နဲ့ ဂျော့ရှမတ်ကီတို့ရဲ့ အလုပ်တွေကို ဆက်ပြီး ဖြေရှင်းနေရဆဲဖြစ်ကာ စာချုပ်ကိစ္စတွေကိုပါ တပြိုင်နက်တည်း ကိုင်တွယ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ရော်ဘတ်ဆန်၊ ကလယ်ဟာနဲ့ နက်ဖီးလစ်တို့ကလည်း တူညီတဲ့ ကာလအပိုင်းအခြားမှာ စာချုပ်သက်တမ်း ကုန်ဆုံးကြမှာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ သတင်းကြီးထွက်ခဲ့သေးတဲ့ လူးဝစ် ဒီယက်ဇ်ရဲ့ စာချုပ်ကတော့ ၂၀၂၇ နွေမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။