

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲကို ဂျိုတာ ၂ ဂိုး၊ ဂက်ပို ၂ ဂိုး၊ ဆာလာ ၁ ဂိုးတို့ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဂျိုတာရဲ့ ခြေပဂိုးမှာ လီဗာပူးအသင်းက လူကျွံနေတယ်လို့ ဝက်စ်ဟမ်းနည်းပြ လိုပတ်တီဂူက ယုံကြည်နေပြီး ဂိုးမပေးရသင့်ဘူးလို့ ငြင်းချက်ထုတ်သွားပါတယ်။
အသင်းဟာ ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိထားကာ ဆက်လက် တိုးတက်နေဆဲဖြစ်ကြောင်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရ ဂျိုတာက ပြောပါတယ်။
လီဗာပူးပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်သမား ဂက်ပိုက ရရှိခဲ့တာ ဖြစ်ပါတယ်။
ကာရာဘောင်း နောက်အဆင့်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အသင်းကောင်းဖြစ်တဲ့ ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရပါမယ်။
ခီယေဆာဟာ အသင်းဖော်တွေနဲ့အတူ စနစ်ထဲမှာ အံဝင်အောင် အခုလို ကစားခွင့်တွေ လိုအပ်တယ်လို့ ဆလော့က ပြောပါတယ်။ အီတလီတိုက်စစ်သမားဟာ မိနစ် ၆၀ ကစားခွင့်ရခဲ့ပါတယ်။
တိုက်စစ်မှူး ဒါဝင်ဟာ ကလော့ပ် လက်ထက်မှာထက် ပေါက်ကွဲစွာ ကစားရမှု၊ ဖိအားပေး ရုန်းထရမှု နည်းပါးသွားပြီး ပိုပြီး တည်တည်ငြိမ်ငြိမ် ကစားရတဲ့ အပြောင်းအလဲကို လုပ်ဆောင်နေပါတယ်။
ဂျိုတာဟာ လီဗာပူးအသင်းမှာ ချွင်းချက်မရှိ အကောင်းဆုံး အဆုံးသတ်သူဖြစ်ကြောင်း ဆက်လက် ထောက်ခံမှု ရနေဆဲပါ။ သူဟာ မနက်ကပွဲမှာ ခေါင်းတိုက်ဂိုး ၁ ဂိုး၊ ပိတ်သွင်းဂိုး ၁ ဂိုး ရယူသွားပါတယ်။
Curtis Jones setting up Diogo Jota for his second pic.twitter.com/g85H6CHOw0
— Watch LFC (@Watch_LFC) September 25, 2024
ဝါတာရု အန်ဒိုဟာ ဂရာဗင်ဘက်ချ်လောက် သွက်သွက်လက်လက် မကစားနိုင်ပေမယ့် မတူညီတဲ့ ကွင်းလယ်ပုံစံဖြင့် မာကျောမှုတွေ ပြသနိုင်နေကြောင်း ထောက်ခံမှု ရခဲ့ပါတယ်။
အာနယ် ဆလော့က နေ့တိုင်းမှာ လက်ရှိ လူစာရင်းကနေ လေ့လာသင်ယူမှုတွေ လုပ်နေဆဲဖြစ်ကြောင်း အသင်းသားတွေကို အသိပေးထားပါတယ်။ နယ်သာလန်သား နည်းပြကတော့ လက်ရှိ လူစာရင်း တစ်ခုလုံးအကြောင်း သူ အပြည့်အဝ မသိသေးဘူးလို့ ယူဆနေတာပါ။
ဝက်စ်ဟမ်းပွဲမှာ အကယ်ဒမီ အသင်းဖော် မော်တန် လူစားဝင် ကစားခွင့်ရခြင်းကို ဟာဗေးက အင်စတာဂရမ်ကနေ ဂုဏ်ပြုသွားပါတယ်။