ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်လို့ရတဲ့ လီဗာပူးရဲ့ အကောင်းဆုံး အားသာချက်ကို ထုတ်ဖော်

ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၅-၁ ဖြင့် အနိုင်ရပြီး နောက်အဆင့်ကို တက်သွားတဲ့နောက် လီဗာပူးအသင်းရဲ့ တိုက်စစ်အင်အားဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်လို့ရတယ်လို့ ပရိသတ်တွေဘက်က ကြွေးကြော်လိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ ခီယေဆာတို့ ၆ ဦးထိ ရှိနေပြီး နေရာတိုင်းမှာ အနည်းဆုံး ၂ ဦး ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အတောင့်တင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ အားကိုးခံလာရပါတယ်။

အသင်းတိုက်စစ်သမားတွေထဲက ဆာလာနဲ့ ဒီယက်ဇ်ဟာဆိုရင် ပရီးမီးယားလိဂ် အကောင်းဆုံး တောင်ပံသမား ၂ ဦးဖြစ်သလို ဂျိုတာကလည်း နံပါတ် ၉ သမားတွေထဲ အကောင်းဆုံး အဆုံးသတ်သူ တစ်ဦးပဲဖြစ်ပါတယ်။

နည်းပြဆလော့က ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့အတွဲကို အဓိက ထုတ်သုံးနေပေမယ့် ဘယ်ခြမ်းမှာ ဂက်ပိုကို ပွဲထွက်ကနေ ပါဝင်ခွင့်ပေးတိုင်း နယ်သာလန်သားက ဂိုးတွေ တောက်လျှောက် သွင်းယူပြနေတာပါ။

ဒါဝင်ကလည်း မနှစ်ကနဲ့ မတူညီတဲ့ နံပါတ် ၉ သမား စစ်စစ်အဖြစ် နေရာပေးခံနေရသလို ရာသီသစ်ကမှ ခေါ်ယူထားတဲ့ ခီယေဆာကို အသင်းဖော်တွေနဲ့ အတွဲမိစေဖို့ စတင် ပွဲထုတ်နေပါပြီ။

မနှစ်ကရာသီ အဓိက ဆုဖလားတွေကို လက်လွတ်ရခြင်းဟာ တိုက်စစ်ပိုင်း ဖြုန်းတီးမတွေကြောင့်ဖြစ်ကာ ဂိုးတွေရယူနိုင်စွမ်း ပိုတိုးတက်လာရင် ဒီရာသီ လီဗာပူးအသင်း ဆုဖလား စိန်ခေါ်နိုင်စွမ်း မြင့်မားလာဖွယ် ရှိပါတယ်။

လီဗာပူးတိုက်စစ်ရဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု

  • Salah – 4G, 4A
  • Diaz – 5G, 1A
  • Jota – 3G, 1A
  • Gakpo – 2G, 1A
  • Nunez – 1G, 1A
  • Chiesa – 1A