အသင်းငယ်တွေနဲ့မို့ ရလဒ်ကောင်းနေတာပါ ဆိုတဲ့ ဆလော့၊ ဖျားနေကြတဲ့ ဝုဗ်ကစားသမားများ၊ ဆိုဘိုရဲ့ တုန့်ပြန်မှုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ ပွဲစဉ်တွေ မရှိဘူးဆိုပေမယ့် လီဗာပူး ကစားထားရတာ အဲ့လိုပွဲစဉ်တွေဖြစ်ပြီး ဒါကြောင့်ပဲ နိုင်ပွဲတွေ ဆက်နေတာဖြစ်ကြောင်းနဲ့ ပိုကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်ချိန်မှ တကယ့် စွမ်းဆောင်ရည် အမှန်ကို သိရမယ်လို့ ဆလော့က ပြောပါတယ်။

အင်္ဂလန် ဘောလုံးသုံးသပ်သူတွေက လီဗာပူးရဲ့ တိုက်စစ်အင်အားကို အထင်ကြီးနေကြပြီး တိုက်စစ်ကြောင့်ပဲ ထိပ်ဆုံးကို ပြန်တက်လာမယ် ယူဆနေကြပါတယ်။

လီဗာပူးအသင်းဟာ ဆန်းဒါးလန်း ဆယ်ကျော်သက် ကွင်းလယ်လူ ခရစ်ရစ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားပါတယ်။

လက်တလော ရထားတဲ့ အချက်အလက်တွေကို အခြေခံကာ လာမယ့်ရာသီ လီဗာပူးအသင်း ဝတ်ဆင်ဖွယ်ရှိတဲ့ အဝေးကွင်းဂျာစီကို Footy Headlines က ထုတ်ပြန်လာပါတယ်။

ဝုဗ်ပွဲမှာ အသင်းရဲ့ ဂိုးပေါက်ကို အယ်လီဆန်က ပြန်ပြီး တာဝန်ယူဖွယ် ရှိနေပါတယ်။ ဘရာဇီး ဂိုးသမားဟာ လေ့ကျင့်ရေး ပြန်ဝင်နေပါပြီ။

လီဗာပူးပွဲကြိုမှာ ဝုဗ်လူစာရင်းက ဗိုင်းရပ်တွေ ထိနေတယ်လို့ အသံထွက်နေကာ အသက် ၂၀ အရွယ် ခံစစ်မှူး အယ်ဖိုင်ပေါင့်က ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့်ရနိုင်ပါတယ်။

ဂေါ်ဒန်က သူ့ရဲ့ လီဗာပူးအိပ်မက်ကို ပြည့်ဖုံးကာချခဲ့ပြီဖြစ်ကာ နယူးကာဆယ်မှာပဲ သက်တမ်းတိုးပြီး ဆက်နေသွားတော့မှာပါ။

နည်းပြအာနယ် ဆလော့ရဲ့ စိန်ခေါ်မှုကို လက်ခံပြီး သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ပိုလုပ်ပြဖို့ ဆိုဘိုစလိုင်က ရည်မှန်းနေပါတယ်။

ဂရာဗင်ဘက်ချ်က နယ်မြေသစ်မှာ အခြေကျဖို့ အချိန်တစ်ခု လိုအပ်ခဲ့တယ်လို့ ဝန်ခံပါတယ်။

လီဗာပူး ယူ-၂၁ က အာဆင်နယ် ယူ-၂၁ ကို အနိုင်ရတဲ့ပွဲမှာ အသင်း ကွင်းလယ်လူ မော်တန် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသွားနိုင်ပါတယ်။