ဆုမရလို့ တင်းနေတဲ့ အီဘူး၊ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားလို့ နာမည်ရလာတဲ့ ဂရာဗင်ဘက်ချ်၊ ဖျားနေလို့ မပါနိုင်တဲ့ ဒါဝင် နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဝုဗ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပွဲစဉ် ၆ အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စတင် ဦးဆောင်ပါတယ်။

နောက်ကျနေ နင်းခံရလို့ လူစားလဲခံခဲ့ရတဲ့ ရော်ဘတ်ဆန်ရဲ့ အခြေအနေ မဆိုးရွားဘူးလို့ ထင်ပါကြောင်း ဆလော့က ပြောပါတယ်။ ပွဲအပြီးမှာ ရော်ဘတ်ဆန်ကို ပုံမှန်အတိုင်းပဲ မြင်တွေ့နေရပါတယ်။

၆ ပွဲပဲ ရှိသေးချိန် လီဗာပူး ဖလားစိန်ခေါ်မယ် ဘာ ညာ မပြောလိုကြောင်းနဲ့ ပထမအကျော့ ၁၉ ပွဲအပြီးမှာ ဘယ်လို အခြေအနေ ရှိမနေမလဲ စောင့်ကြည့်ကြဖို့ ဆလော့က ပြောပါတယ်။

ကိုနတေးက သူလည်းပဲ အကောင်းဆုံး ကစားသမားဆု လိုချင်တာပေါ့ ဒီဆုကို ဘယ်သူ ရွေးချယ်ပေးတာလဲ လို့ အရွှန်းဖောက် ထမေးခဲ့ပြီး ဂယ်ရီနဗီးပါလို့ သိရချိန်မှာ ကျေးဇူးပဲလို့ တုန့်ပြန်ပါတယ်။

အကောင်းဆုံး ကစားသမားဆု သူ့ကို ဘာလို့ မပေးလဲလို့ စကိုင်းစပေါ့ကို ကိုနတေး မေးခွန်းထုတ်နေကြောင်း ကြားရချိန်မှာ အာနယ်ဆလော့က “ကြည့်ရတာ သူ့ကြောင့် ဂိုးပေးလိုက်ရတာကို မေ့နေပုံပဲ” လို့ ရယ်မောခဲ့ပါတယ်။

ဂရာဗင်ဘက်ချ်တစ်ယောက် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရလို့ ပြုံးဖီးပျော်နေတဲ့ ပုံကို ဓါတ်ပုံရိုက်ပြီး ထရန့်က သူ့ရဲ့ IG story မှာ တင်ခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ခံစစ်သမားဟာ ဂရာဗင်ဘက်ချ်ဖြစ်တယ်ဆိုတဲ့ ချီးကျူးသံတွေ စတင် ထွက်ပေါ်နေပါတယ်။ နယ်သာလန်သားဟာ ဝုဗ်နဲ့ပွဲမှာ အကောင်းဆုံး မှတ်တမ်းတွေကို ရရှိခဲ့ပါတယ်။

အငှားထွက်နေတဲ့ ဗန်ဒုတ်က ချန်ပီယံရှစ်မှာ ဂိုးသွင်းခဲ့သလို ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ကလည်း ဆဲလ်ဘတ်မှာ ဆက်လက် နေရာရနေပါတယ်။

အသက် ၂၅ နှစ်အရွယ် မာကာဟာ လီဗာပူးခေါင်းဆောင်အဖွဲ့ထဲ ပါဝင်လာတယ်လို့ သိရပါတယ်။ မာကာဟာ အယ်လီဆန် နောက်ပိုင်း တောင်အမေရိကအဖွဲ့ကို ကိုယ်စားပြုပေးမယ့် နောက်တက် ခေါင်းဆောင်ဖြစ်ပါတယ်။

ဒါဝင် ဖျားနေတယ်လို့ပဲ သိထားရပြီး ကြားရက် ချန်ပီယံလိဂ်ပွဲမှာ ပြန်လည် ပါဝင်လာမလား စောင့်ကြည့်ရဦးမှာပါ။