လီဗာပူးအသင်းရဲ့ ခေါင်းဆောင်အဖွဲ့ဟာ ဒီနှစ်တွေထဲ ဆက်တိုက် ပြောင်းလဲလာနေပြီး အသစ်အသစ်တွေ ပါဝင်လာနေပါတယ်။
ဟန်ဒါဆန်၊ မီလ်နာတို့ဖြင့် တည်ငြိမ်နေခဲ့တဲ့ အသင်းခေါင်းဆောင်အဖွဲ့အတွင်း ၂၀၁၈ မှာ ဗန်ဒိုက် စတင်ပါဝင်လာခဲ့တယ်။ ခံစစ်မှူးဟာ လက်ရှိ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာသလို ထရန့်က ဒုတိယအသင်းခေါင်းဆောင် တာဝန်ကို ရယူနေတာပါ။
အသင်းခေါင်းဆောင် အဖွဲ့ဝင်တွေကို ဘောလုံးရာသီတိုင်း အသင်းသားတွေ ကိုယ်တိုင် ရွေးချယ်ပေးတာဖြစ်ပါတယ်။ ဒီအဖွဲ့ထဲ နောက်ထပ် ပါဝင်နေသူတွေက အယ်လီဆန်၊ ရော်ဘတ်ဆန်၊ မိုဆာလာတို့ပဲ ဖြစ်ပါတယ်။
အပြောင်းအလဲအဖြစ် ဒီရာသီမှာ လီဗာပူးခေါင်းဆောင်အဖွဲ့ထဲ နောက်ထပ် တစ်ဦး ထပ်တိုးပါဝင်လာပြီး သူကတော့ ကွင်းလယ်လူ မက်ကယ်လစ္စတာပဲဖြစ်ပါတယ်။
ဒီအကြောင်းကို အယ်လီဆန်ကပဲ “ ကျနော်ရယ် ဗာဂျယ်၊ ရိုဘို၊ ထရန့်၊ မိုအပြင် အခုချိန်မှာ မာကာရဲ့ အတွေ့အကြုံတွေကလည်း ခေါင်းဆောင်အဖွဲ့ထဲ ပါဝင်လာစေပါတယ်။
မာကာက အသက် ၂၅ နှစ်ပဲ ရှိသေးပေမယ့် များစွာသော အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီဖြစ်လို့ ခေါင်းဆောင်အဖွဲ့ရဲ့ အဆင့်အတန်းကို ပိုကောင်းလာစေပါတယ်။ ကျနော်တို့အသင်းကနေ စီနီယာအချို့ ထွက်သွားပေမယ့် ကစားသမားသစ်တွေ၊ လူငယ်တွေလည်း ရှိနေပါသေးတယ် ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။
မာကာဟာ ဒီယက်ဇ်၊ ဒါဝင်တို့လို အသင်းဖော်တွေအတွက် ကွင်းတွင်း ကွင်းပြင်မှာ ကူညီပေးနေသလို အယ်လီဆန် မရှိတော့မယ့် အနာဂတ်မှာ တောင်အမေရိကအဖွဲ့ရဲ့ ဦးဆောင်သူ နေရာကိုပါ ရယူလာနိုင်သူပဲဖြစ်ပါတယ်။