ဘရူနို အနီကတ်ကြောင့် သတိပေးသံတွေ ဆူညံ၊ ဆိုဘိုစလိုင်ရဲ့ ခြေစွမ်း အပေါ် ထောက်ပြမှုတွေ ရှိလာနေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ ဆိုဘိုစလိုင်ဟာ ပွဲထွက်လူစာရင်းအတွင်း အညံ့ဆုံး ကစားသမားအဖြစ် ထောက်ပြမှုတွေ များပြားလာနေပါတယ်။

လီဗာပူးနဲ့ သက်တမ်း မတိုးနိုင်ခဲ့ရင် ဆာလာကို ၂ နှစ်စာချုပ်အပြင် ၁ ရာသီ ထပ်မံ သက်တမ်းတိုးခွင့်ပါတဲ့ ကမ်းလှမ်းမှုလုပ်ဖို့ ဆော်ဒီဘက်က ပြင်ဆင်နေပါတယ်။

စပါးပွဲမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖောင်းကို အနီကတ် ပြခဲ့တာဟာ အတော်လေး ထိတ်လန့်စရာဖြစ်ပြီး ပုံမှန်အားဖြင့် အဝါလောက်ပဲ ပြလေ့ရှိတဲ့ အဲ့လိုဖြစ်ရပ်မျိုးကို အနီကတ် ပြမယ်ဆိုရင် ဒီရာသီ ဖောင်းဖြစ်ရပ်တွေမှာ သတိကြီးထားရလိမ့်မယ်လို့ ထောက်ပြလာနေပါတယ်။

အဲ့မတိုင်ခင်ကလည်း ဝုဗ်ပွဲအတွင်း ထရန့် အဝါကတ် ရခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်း အပြောင်းအလဲများအား အသင်းသားတွေ ပိုမို လေ့လာထားဖို့လည်း တိုက်တွန်းမှု ရှိထားပါတယ်။

ယူနိုက်တက် ရှုံးပွဲအပြီးမှာ ကာရေဂါက ဒီရာသီ ယူနိုက်တက်တို့ Top 4 ဝင်မှာဖြစ်ပေမယ့် လီဗာပူးက ဝင်မှာ မဟုတ်ကြောင်း နဗီးရဲ့ ခန့်မှန်းကို react လုပ်သွားပါတယ်။

လီဗာပူးအသင်းမှာ ကျန်းမာစွာ ရှိနေရမှာထက် အားကောင်းတဲ့ ပြိုင်ပွဲတွေမှာ ပါဝင် ကစားရတာကိုပဲ အလိုရှိတယ်လို့ မော်တန်က ပြောလာပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီနွေမှာ အသင်းသစ်မရခဲ့သလို လီဗာပူး စီနီယာအဆင့် မဟုတ်ဘဲ လူငယ်ပွဲတွေမှာပဲ ကစားနေရတာ ဖြစ်ပါတယ်။

ယိုရိုနဲ့ အူဂါတီတို့ လီဗာပူးကို မပြောင်းချင်ကြောင်း နွေတုန်းက ယူနိုက်တက်တို့ လေတိုက်ခဲ့ကြပေမယ့် ရာသီစမှာတင် နှစ်သင်းကြားရမှတ်က ၈ မှတ်ထိ ပြတ်သွားခဲ့ပါပြီ။

ကိုနတေးဟာ လီဗာပူးအသင်းရဲ့ အနာဂတ် ခံစစ်မှူးဖြစ်လာနိုင်တယ်လို့ အိုဝင်က ဆိုပါတယ်။ ဗန်ဒိုက် မရှိချိန် လီဗာပူးခံစစ်ကို ကိုနတေး အကောင်းဆုံး ဦးဆောင်နိုင်မယ်လို့ ဘလွန်းဒီအောကြယ်ပွင့်ဟောင်းက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ မိုဆာလာမှာ ဘယ်သူက ပိုကောင်းတဲ့ကစားသမားလဲ မေးခံရချိန်မှာ ဟာဇက်ကတော့ မိုဆာလာပေါ့ဗျာ လို့ ရွေးချယ်ပါတယ်။