ဇွတ်မြောက်ပင့်နေမှုတွေကို နားမထောင်ဖို့ သတိပေးခံရတဲ့ ဂရာဗင်ဘက်ချ်

ဂရာဗင်ဘက်ချ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူလား? ဆိုတဲ့ ထင်မြင်ချက်တွေကို သုံးသက်သူတွေ အစဆွဲထုတ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီ နည်းပြကလော့ပ် လက်အောက်မှာ ကစားခွင့် သိပ်မရခဲ့တဲ့ နယ်သာလန်သား ကွင်းလယ်လူဟာ အာနယ်ဆလော့ လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် တောက်ပလာနေပါတယ်။

လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်အရလည်း ဂရာဗင်ဘက်ချ်ကို နေရာပေးမှုဟာ ဖြစ်သင့်တဲ့ ကိစ္စအဖြစ် ပရိသတ်တွေ ကိုယ်တိုင်က လက်ခံထားတာပါ။ တချို့ကဆိုရင် ဒီရာသီ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားလောင်းလျာ အဖြစ်ပါ ထင်မြင်ကြပါတယ်။

အကောင်းမြင်စရာ ချီးကျူးသံတွေပဲ ရနေတာဖြစ်ပေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ပြင်ပက အသံတွေကို နားမယောင်ဘဲ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး ဆက်လုပ်ဖို့ တနိုင်ငံတည်းသားအား သတိပေးပါတယ်။

ဗန်ဒိုက်ကတော့ ” ဂရာဗင်ဘက်ချ်ကို ပေးလိုတဲ့ အကြံကတော့ ကြံ့ခိုင်အောင်နေပါ။ ဆက်ကြိုးစားပါ၊ အခြေခံလိုင်အောင်လုပ်၊ ဇွတ်မြောက်ပင့်နေတာတွေကို နားမထောင်ပါနဲ့။

တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်ကစားနေတာကိုပဲ ဆက်ကစားရမှာပါ။ သူက ဘောလုံးမရှိချိန်ကော ရှိချိန်ပါ ယုံကြည်မှုအပြည့်နဲ့ ကစားနေပါတယ်။ သူက ဒဏ်ရာပြဿနာလည်း ကြီးကြီးမားမား မရှိဘဲ အရွယ်ရောက်လာနေပါတယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဂရာဗင်ဘက်ချ်ဟာ နံပါတ် ၆ နေရာမှာ မာကာနဲ့ အတွဲညီနေပြီး တချိန်က တိုက်စစ်အားသန် ကစားသမားဟာ လက်ရှိ နေရာမှာ ရေရှည် ဆက်ကစားရဖွယ် ရှိနေပါတယ်။