ယူနိုက်တက် အဆင့် ၁၃ ရောက်နေတဲ့နောက် လီဗာပူးရဲ့ ဖလားရနိုင်ချေကို ဂယ်ရီနဗီး ခန့်မှန်း

ဒီရာသီမှာ တာထွက်ကောင်းနေပေမယ့် လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မှာ မဟုတ်ဘူးလို့ ဂယ်ရီနဗီးက ထုတ်ပြောလာပါတယ်။

နည်းပြသစ် ပြောင်းထားတဲ့ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ တန်ဟက်ရဲ့ အသင်းကို အနိုင်ယူခြင်း အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ ယူနိုက်တက်နဲ့ ၈ မှတ်အကွာ ဇယားထိပ်မှာ ရောက်နေတာပါ။

နွေမှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော် သုံးထားတဲ့ ယူနိုက်တက်ကတော့ အခြေအနေ ဆိုးနေပြီး အဆင့် ၁၃ ထိ ကျဆင်းနေပါတယ်။

ဖလားပြိုင်ဆိုင်မှုတွေအကြောင်း ယူနိုက်တက်ကို ထည့်ပြောလို့ မရတော့ပေမယ့် လီဗာပူးကလည်း ဖလားရနိုင်မယ့်အသင်း မဟုတ်ဘူးလို့ နဗီးက ဆိုလာခဲ့တယ်။

ဂယ်ရီနဗီးကပဲ ” လီဗာပူးကို ကြည့်ရတာ ဘောလုံးရာသီကောင်းရနေသလိုပဲ။ သူတို့ ချန်ပီယံလိဂ်မှာ ပြန်ပြီး ပါဝင်ရလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။

ရိုးရိုးသားသား ပြောရရင် ဝုဗ်ပွဲက သူတို့ကစားတာကို ကြည့်ပြီး ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ့်သူတွေလို့ ကျနော် မခံစားရပါဘူး။ လီဗာပူးက အာဆင်နယ်၊ မန်စီးတီးရဲ့အောက်မှာပဲ ရှိပါတယ်။ ဒါက အထူးအဆန်းကိစ္စလည်း မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဇယားထိပ် မတက်ခင်တည်းက အာနယ် ဆလော့က လီဗာပူးအသင်းဟာ အသင်းငယ်တွေကို အနိုင်ရပြီး ထိပ်ရောက်နေတာဖြစ်လို့ အသင်းကြီးတွေကို တွေ့ပြီးမှ အကဲဖြတ်ပေးကြပါလို့ တိုက်တွန်းခဲ့ဖူးတာ ဖြစ်ပါတယ်။