နည်းပြချုပ် ဖြစ်လာဖွယ်ရှိတဲ့ တောရက်စ်၊ ဒါဝင်-ဂျုံး ပွဲထွက်ခွင့်ရဖွယ် ရှိနေခြင်း၊ ဘရန့်ဝိတ်ကို ချဉ်းကပ်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

တိုက်စစ်မှူး ဂျိုတာက ဘိုလော့ညာပွဲမှာ ပါဝင်နိုင်ဖွယ် ရှိပေမယ့် ခီယေဆာကတော့ စနေနေ့ပွဲမှ ပြန်ပါနိုင်မှာဖြစ်ပါတယ်။

ဘိုလော့ညာပွဲမှာ တိုက်စစ်မှူးနေရာက ဒါဝင် ပါဝင်လာမှာဖြစ်ကာ ကွင်းလယ်မှာ ဆိုဘိုစလိုင်အစား ကာတစ်ဂျုံး ကစားခွင့်ရမယ်လို့ အသံထွက်နေပါတယ်။

ဘိုလော့ညာဟာ ဖြန့်ကျက် လူကပ် ကစားပုံ ကောင်းမွန်ပြီး လုံးဝ အထင်မသေးရမယ့် အသင်းလို့ ဆလော့က အသိပေးပါတယ်။

ယာဂင်ကလော့ပ်နဲ့ အာနယ် ဆလော့ကြားမှာ ဘောလုံးဆိုင်ရာ စည်းစနစ်ပိုင်းက အတူတူလောက်ပဲဖြစ်ပြီး နယ်သာလန်သားကတော့ ကစားကွက် တည်ဆောက်ပုံနဲ့ ကစားဟန် ပုံစံ ပိုများတယ်လို့ မာကာက မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ဒါဘီပြိုင်ဘက် အဲဗာတန်အသင်း ခံစစ်မှူး ဘရန့်ဝိတ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။

အင်စတာဂရမ်မှာ ပြက္ခဒိန်တစ်ခုကို အီဘူတင်ထားတာက ပရိသတ်တွေကြား ဆွေးနွေးစရာဖြစ်နေပါတယ်။ တချို့က သူ့ရဲ့ ပွဲတွေကို လေ့လာနေတာလို့ ဆိုပြီး အချို့ကတော့ ကစားသမားတွေ ပွဲသိပ်များလွန်းတာကို ပြလိုတာလို့ ထင်မြင်ကြပါတယ်။

ဒီနှစ်က အာဆင်နယ်နှစ်ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား အရယူမယ်လို့ အာဆင်နယ် တိုက်စစ်သမား ဆာကာက ကြွေးကြော်ပါတယ်။

လီဗာပူးအသင်းဟာ နွေစျေးကွက်တုန်းက လိုင်ယွန်ဂိုးသမား Anthony Lopes အပြင် အခြား ဂိုးသမား တစ်ဦးကို ချိတ်ဆက်ခဲ့သေးကာ ကလယ်ဟာ ထွက်ခွာမယ့် ကိစ္စအတွက် ပြင်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အိုင်ယာလန်သားက အသင်းမှာ ဆက်နေဖို့ ဖြစ်သွားခဲ့ပါတယ်။

ဂျာမာန်ကလပ် ရှော်ကေးအသင်းဟာ ဖာနန်ဒို တောရက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။