

ပဲလေစ့်ပွဲကို ကိုင်မယ့် ဒိုင်က ကွင်းလယ်ဒိုင်အဖြစ် ဆိုင်မွန် ဟူပါဖြစ်ပြီး VAR ဒိုင်က ဒေးဗစ်ကိုတီ ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ လီဗာပူးနဲ့ ဇာတ်လမ်းဆိုးတွေ ရှိခဲ့ပြီး အသင်းကစားသမားတွေကို အနီကတ်တွေ ပြလေ့ရှိသလို ပြိုင်ဘက်အသင်းကို ပင်နယ်တီ ပေးလေ့ရှိသူတွေပါ။
အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်အပြီး ပွဲကြပ်တွေ လာတော့မှာမို့ ပဲလေစ့်ပွဲမှာ အနိုင် ၃ မှတ် သေချာယူထားဖို့ အရေးကြီးပါမယ်။
လူငယ်လေး ဒန့်စ်ဟာ နောက်ကျော ဒဏ်ရာကနေ ပြန်သက်သာလာနေပြီဖြစ်ကာ အက်ဆာ လေ့ကျင့်ရေးကွင်းထံ ပြန်ပြီး ခြေချနေပြီဖြစ်ပါတယ်။
အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်လူစာရင်းမှာ ထရန့် တစ်ဦးတည်း ရွေးချယ်ခံထားရပါတယ်။
အသင်း အငှားချထားတဲ့ ကူးမက်စ်ဟာ စတုတ်အသင်းမှာ ခြေစွမ်းပြနေကာ စီနီယာအသင်းမှာ ပြန်ပြီး နေရာမရရင်တောင် သူ့ကို အပြီးသတ် ခေါ်မယ့် ကလပ်တွေ များပြားလာဖို့ ရှိနေပါတယ်။
စက်တင်ဘာလအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဂရာဗင်ဘက်ချ်က ရရှိသွားပါတယ်။
ဘောလုံးရာသီ အစပဲရှိသေးတာကြောင့် ကိုယ့်ဘာသာ ဖိအားဖြစ်စေတာမျိုး အဖြစ်ခံမှာ မဟုတ်ကြောင်းနဲ့ ဆုဖလားတွေအကြောင်း ပြောမှာ မဟုတ်ဘူးလို့ ဆာလာက တုန့်ပြန်ပါတယ်။
ဒါဝင် နူးညက်စ်ဟာ လီဗာပူးအသင်းမှာ အံ့မဝင်ကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ကိုယ်တိုင်က ထောက်ပြမှုတွေ ထွက်ပေါ်နေပါပြီ။ ပရိသတ်တွေက ဒါဝင်ကို ချစ်ကြပေမယ့် ဥရုဂွေး တိုက်စစ်မှူးဟာ နည်းပြအပြောင်းအလဲမှာလည်း ထူးပြီး မလုပ်ပြနိုင်သေးကြောင်း အသံတွေ ထွက်လာတာပါ။
ဒေါ့မွန် တိုက်စစ်သမား အာဒယ်ရာမီကို ခေါ်ယူဖို့ လီဗာပူးအသင်း စိတ်ဝင်စားမှု ရှိနေတယ်လို့ ဂျာမာန်သတင်းတွေက ဖော်ပြလာပါတယ်။
ချန်ပီယံလိဂ်လို့ ပြောရင် ဘယ်သူကို မြင်မိလဲ မေးခံရချိန်မှာ ထရန့်နဲ့ ဗန်ဒိုက်တို့က ရော်နယ်ဒိုပါလို့ ဖြေဆိုသွားပါတယ်။