ဗန်ဒိုက်က အာဆင်နယ်မှာဆိုရင် အရန်ခုံမှာပဲ ထိုင်နေရမှာ ပြောလာတဲ့ ပေါမာဆန်

လီဗာပူးအသင်း ခံစစ်မှူး ဗန်ဒိုက်ဟာ အာဆင်နယ်မှာဆိုရင် ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ အရန်အဖြစ်ပဲ ရှိနေမယ့်သူဖြစ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ပေါမာဆန်က ပြောဆိုလာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိတ်ကစားနိုင်စွမ်းဟာ အတော်လေး လူပြောများနေတာပါ။ အထူးသဖြင့် မန်စီးတီးကို တစ်ယောက်လျော့ ၄၅ မိနစ် ကစားခဲ့ချိန်မှာ ဘက်စ်ကားကွက်လို ခံစစ်ပိတ်ကစားနိုင်ခဲ့ခြင်းနဲ့ ထောင့်ကန်ဘောကနေ ခံစစ်သမားတွေ ဂိုးယူနိုင်ခြင်းတွေအတွက် နာမည်ရနေပါတယ်။

ပေါမာဆန်ကတော့ မန်စီးတီးမှာ ရိုဒရီ မရှိတော့ခြင်းကို သုံးသပ်ရင်းနဲ့ ဗန်ဒိုက်အပေါ် အထင်အမြင် သေးတဲ့ စကားတွေ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပေါမာဆန်က ပြောရာမှာ ” ရိုဒရီ မပါနိုင်တော့တာဟာ မန်စီးတီးအတွက် အများကြီး သက်ရောက်မှု ကြီးမားပါတယ်။ သူက ကမ္ဘာ့ပေါ်က ဘယ်အသင်းမှာမဆို ဝင်ကစားနိုင်မယ့် တစ်ဦးတည်းသော ကစားသမားပါ။ အဲ့လောက်ကို လွှမ်းမိုးမှု ကြီးပါတယ်။

ဒီစကားပြောတော့ လူတွေက ‘အဲ့လိုဆို ဗန်ဒိုက်ဆိုရင်ကော?’ ဆိုပြီး မေးခွန်းထုတ်ကြတယ်။ ဒါပေမယ့် အခုချိန်မှာ ဗန်ဒိုက်က အာဆင်နယ်အသင်းမှာ နေရာရနိုင်လို့လား?

သူက ကစားသမားကောင်းဖြစ်ရင်ဖြစ်မယ် အာဆင်နယ် ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီရယ်တို့ကို ကျော်ပြီး နေရာရနိုင်မယ့်သူ မဟုတ်ပါဘူး။

ရိုဒရီ ဒဏ်ရာရသွားတာ အာဆင်နယ်အတွက်ကော လီဗာပူးအတွက်ပါ သတင်းကောင်းပဲ။ ဒီအချိန်ပဲ သူတို့ မန်စီးတီးကို ကျော်ဖြတ်နိုင်အောင် ဖိတွန်းရမှာ။ ဒီအခွင့်အရေးကို မယူနိုင်ရင် သူတို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားရမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကလဲ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ အတွဲဟာ ချယ်ဆီး ဂန္တဝင်တွေဖြစ်တဲ့ တယ်ရီ၊ ကာဗာရိုအတွဲထက် ပိုကောင်းလား မေးခွန်းတွေ လုပ်ခဲ့ကြသေးကာ လမ်းပတ်ကတော့ ဖလားပဲ အရင်ယူဖူးတယ်ရှိအောင် ယူကြည့်ဖို့ တုန့်ပြန်ခဲ့ဖူးတာ ဖြစ်ပါတယ်။