

လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ ပဲလေစ့်ပွဲမှာ အခွင့်အရေးကြီး ၃ ကြိမ်လောက်ကို ကာကွယ်ပေးခဲ့ကာ အသင်း ဂိုးမပေးရဖို့ အားထုတ်ခဲ့ပေမယ့် တံကောက်ကြောလို့ ယူဆရတဲ့ ဒဏ်ရာ ရသွားပါတယ်။
ပွဲချိန် မိနစ် ၇၀ ကျော်မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ချက်စ် လူငယ်ဂိုးသမား ဂျာရိုစ့်နဲ့ လူစားလဲခဲ့ရပါတယ်။ ကလယ်ဟာ ဖျားနေတာကြောင့် အသက် ၂၃ နှစ်အရွယ် ဂျာရိုစ့်ဟာ ဂိုးသမား အရန်အဖြစ် လူစာရင်းက ပါလာတာပါ။
ပွဲအပြီး ဗန်ဒိုက်က ” အယ်လီဆန် ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ တံကောက်ကြောဖြစ်ဖို့ များပါတယ် ” လို့ ပြောပါတယ်။
ဒဏ်ရာ အသေးစိတ်နဲ့ ဘယ်လောက် နားရမလဲကို လာမယ့် ရက်ပိုင်းတွေမှာ သိရမှာဖြစ်ပေမယ့် နည်းပြဆလော့ကတော့ နိုဝင်ဘာ နိုင်ငံတကာသီတင်းပတ် နောက်ပိုင်းမှ အယ်လီဆန် ပြန်ကစားဖို့ မျှော်လင့်နိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲအပြင် လိုက်ဇစ်၊ အာဆင်နယ်၊ ဘရိုက်တန်၊ လေဗာကူဆင်၊ အက်စတွန်ဗီလာ ပွဲတွေကို အယ်လီဆန် လွဲချော်သွားဖွယ် ရှိနေပါတယ်။