

ပဲလေစ့်ကို အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြ အာနယ် ဆလော့က ၇ မိနစ်စာလောက် လူစားဝင်လာခဲ့ပြီး အသင်းအတွက် အပြည့်အဝ အားထုတ်ပေးခဲ့တဲ့ ကွင်းလယ်လူ ဝါတာရု အန်ဒိုကို ချီးကျူးသွားခဲ့ပါတယ်။
မနှစ်ကမှ ၃ နှစ်စာချုပ်ဖြင့် လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဂျပန် လက်ရွေးစင်ဟာ ပဲလေ့စ်ပွဲမှာ ၇ မိနစ်လောက် ကစားခွင့်ရခဲ့ပြီး အသင်း နိုင်ပွဲရဖို့ အစွမ်းကုန် အားထုတ်ပေးခဲ့ပါတယ်။
၁-၀ ဖြင့် ဦးဆောင်ထားတဲ့ နောက်ဆုံး မိနစ်တွေအတွင်း အန်ဒိုရဲ့ ပါးနပ်မှု၊ ကွင်းလယ်ခံစစ်မှာ ကျစ်လစ်စွာ ကစားနိုင်ခြင်းတွေကပဲ အသင်းကို ဖိအားလျော့စေခဲ့ပါတယ်။
ကွင်းလယ်လူနဲ့ ပတ်သက်လို့ အာနယ် ဆလော့ကပဲ “ ဝါတာဟာ အသင်းမှာ ကျနော်တွေ့မိတဲ့ အကောင်းမြင်စရာ ကိစ္စတွေထဲက တစ်ခုပါပဲ။
လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင် တာဝန်ယူနေရတဲ့ သူ့လို ကစားသမားမျိုး၊ တကယ့်ကစားသမားကောင်းက ပွဲမပြီးခင် ၅ မိနစ်ကို လူစားဝင်အဖြစ် ပါဝင်ကစားပေးပါတယ်။
တခါတလေ တချို့အသင်းမှာ သူ့လို ကစားသမားမျိုးတွေဟာ ‘ငါ့လို ကစားသမားကို ၅ မိနစ် ၇ မိနစ်လောက်ပဲ သုံးရလား?’ ဆိုပြီး အဒွန့်တက်ကြတာမျိုးတွေ မြင်ဖူးပါတယ်။
ဒါပေမယ့် ဝါတာရု ကွင်းထဲ ဝင်လာတာကို မင်းတို့ကြည့်ကြည့် ဘောလုံးနဲ့ကစားတာ ဘယ်လောက်ကောင်းလဲ မြင်ရမယ်။ သူက second ball တွေကိုလည်း အောင်မြင်တယ်။ ကစားခွင့်ရတဲ့ ဒီ ၇ မိနစ်လေးမှာကို သူ့ရဲ့ သက်ရောက်မှုက သိပ်ကြီးပါတယ်။
အသင်းရဲ့ ပေါင်းစည်းမှုနဲ့ ပတ်သက်လို့ အများကြီး ပြောလို့ရတဲ့ ဒါပေမယ့် ဒီအခြေအနေမှာ ဝါတာရုက အဲ့ဒါကို လုပ်ပေးခဲ့သူပါ။ သူက မိနစ်ပိုင်းလေးပဲ ပါဝင်ကစားခဲ့ရပေမယ့် လူပုဂ္ဂိုလ်အနေနဲ့ သိပ်ကောင်းသလို အသင်းကိုလည်း ပေါင်းစည်းပေးခဲ့ပါတယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။