အီဘူးနဲ့ ကွမ်းဆက်တို့ စာချုပ်သစ်ရဖို့ နီးစပ်နေခြင်း၊ အာဂျင်တီးနားသွားမယ့် မာကာ၊ သီတင်းပတ်ကြာ နားရမယ် စိုးရိမ်နေရတဲ့ အယ်လီဆန်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်တွေဟာ ရာသီကုန်မှာ သက်တမ်းကုန်မှာဖြစ်ပေမယ့် အဖွဲ့အားလုံး သဘောတူညီမယ့် စာချုပ်သစ်တွေရနိုင်ရေး ခက်ခဲနေဆဲပါပဲ။

လီဗာပူးအသင်းဟာ ခံစစ်မှူးတွေဖြစ်တဲ့ ကိုနတေးနဲ့ ကွမ်းဆက်တို့ကို ကာလရှည် သက်တမ်းတိုးနိုင်ရေး နီးစပ်နေပါပြီ။ ကိုနတေးဟာ လီဗာပူးအသင်းနဲ့ ၂ နှစ် စာချုပ်ပဲ ကျန်ရှိတော့သူ ဖြစ်ပါတယ်။

ဒီရက်တွေအတွင်း မိုဆာလာဟာ သူ့ရဲ့ လူမှုကွန်ယက်တွေမှာ ပျော်ရွှင်နေဟန် မရှိတဲ့ ပုံတွေကိုပဲ တင်နေကြောင်း မှတ်ချက်ပေးခံနေရပါတယ်။

ပဲလေစ့်ပွဲမှာ ဒဏ်ရာ အခြေအနေ စိုးရိမ်ခံရပေမယ့် မာကာက အာဂျင်တီးနား အသင်းနဲ့ ပူးပေါင်းသွားမှာပါ။ လက်ရွေးစင်နဲ့ ပူးပေါင်းဖို့အရာ ဘယ်အရာကမှ သူ့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အယ်လီဆန်ဟာ တံကောက်ကြော ဒဏ်ရာအတွက် စကန်ဖတ်မှု လုပ်မှာဖြစ်ကာ သီတင်းပတ်တွေကြား အနားယူရနိုင်ဖွယ်ရှိနေမှုအပေါ် လီဗာပူးအသင်းဘက်က စိုးရိမ်နေပါတယ်။

ဘောလုံးရာသီ နောက်ဆုံးနားထိ ဖလားပြိုင်ဆိုင်မှုမှာ ပါဝင်လိုကြောင်း ဗန်ဒိုက်က ထုတ်ပြောပါတယ်။ စွမ်းဆောင်ရည်ကောင်း ပြသနေတဲ့ ခံစစ်မှူးဟာ ဒီရာသီ ဥရောပရဲ့ ထိပ်တန်း ခံစစ်သမားတွေထဲ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ဂျိုတာဟာ အရမ်း စမတ်ကျတဲ့ တိုက်စစ်သမားဖြစ်ကြောင်း ဆလော့က မှတ်ချက်ပေးလိုက်ပြီး သွင်းဂိုးတွေ ပိုယူပေးနိုင်ဖို့လည်း လိုအပ်တယ်လို့ သတိပေးသွားပါတယ်။

၅ ပွဲပယ် ပြစ်ဒဏ် ပြီးဆုံးခဲ့ပြီမို့ အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်မှာ ဥရုဂွေးအတွက် ဒါဝင် နူးညက်စ် ပြန်ပြီး ပါဝင်နိုင်ပြီဖြစ်ပါတယ်။

ကာဗာဂျယ် ကာလရှည် ဒဏ်ရာရသွားတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီမှာတင် ထရန့်ကို ခေါ်ယူဖို့ ကြိုးစားမှု ရှိလာနိုင်တယ်လို့ စပိန်သတင်းဌာနတွေက ဆိုပါတယ်။

ပပ်လင်ဒါးဟာ ဆဲလ်ဘတ်မှာ ရလဒ်တွေမကောင်းဖြစ်နေသလို ကစားသမားတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ အခက်တွေ့နေပါတယ်။