ဇွန်လ နွေအပြောင်းအရွှေ့အတွင်း နယူးကာဆယ်ဘက်က ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း (PSR) ကို ကိုက်ညီအောင် လုပ်နိုင်ဖို့ ဂေါ်ဒန်ကို ရောင်းချပြီး လီဗာပူးထံက ခံစစ်မှူးတစ်ဦးကို ပြန်လည် ခေါ်ယူလိုခဲ့ပါတယ်။
နယူးကာဆယ်ဘက်က လီဗာပူးအသင်းထံကနေ ကွမ်းဆက်ကို ရလိုခဲ့ကာ ဂေါ်ဒန်အတွက် အလဲအထပ်မှာ ထည့်သွင်းဖို့နဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ စျေးသတ်မှတ်ပေးခဲ့တာလို့ The Athletic က ဖော်ပြပါတယ်။
လီဗာပူးဘက်က ကွမ်းဆက်ကို လုံးဝ မရောင်းပေးနိုင်ဘူး ငြင်းဆန်ခဲ့တဲ့နောက်မှာ နယူးကာဆယ် အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ Darren Eales က ခံစစ်မှူး ဂိုးမက်စ်ကို ပေါင် ၄၅ သန်းနဲ့ ဝယ်ပြီး သဘောတူညီခဲ့ပါတယ်။ အခြားတစ်ဖက်မှာ လီဗာပူးဘက်က ဂေါ်ဒန်ကို ပေါင် ၇၅ သန်းနဲ့ ပြန်ခေါ်ရမှာပါ။
ဒါပေမယ့်လို့ PSR deadline နေ့ဖြစ်တဲ့ ဇွန်လ ၃၀ ရက်မှာ နယူးကာဆယ်က အခြားသော ဖြေရှင်းစရာ နည်းလမ်းတွေ့သွားခဲ့တာကြောင့် ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ် ကိစ္စ ရပ်တန့်သွားတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဘက်က ကွမ်းဆက်ကို မြင့်မြင့်မားမား မျှော်လင့်ခဲ့ပေမယ့် ရာသီအဖွင့်ပွဲဖြစ်တဲ့ အစ်ဝစ်ချ်ပွဲမှာ ခြေစွမ်းမပြနိုင်တဲ့နောက် ၄၅ မိနစ်မှာတင် လူစားလဲခံခဲ့ရပါတယ်။ အဲ့နောက်ပိုင်း အသင်းရဲ့ ခံစစ်မှာ ကွမ်းဆက်အစား အီဘူးက ပြန်ပြီး နေရာရလာခဲ့တာ ဖြစ်ပါတယ်။
အသင်းဟာ အသက် ၂၁ နှစ်အရွယ် ကွမ်းဆက်အပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားတာ မဟုတ်ပါဘူး။ ကွမ်းဆက်ကိုကော အီဘူးကိုပါ သက်တမ်းတိုးဖို့ စကားတွေပြောနေပြီဖြစ်ကာ အခြေအနေ ကောင်းမွန်နေပြီး မကြာခင် စာချုပ်သစ်ပေးနိုင်တော့မှာပါ။
ကွမ်းဆက်အနေနဲ့ ဆုံးရှုံးသွားတဲ့ သူ့ရဲ့ ပွဲထွက်ခွင့် ပြန်ယူရေး နည်းပြဆလော့ကို စွမ်းဆောင်ရည်ဖြင့် သက်သေပြနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။