ပရီးမီးယားလိဂ်ကို ထောက်ခံခြင်း၊ bromance တွေ ထုတ်ပြနေတဲ့ ဘယ်လင်ဟမ်၊ အဓိက ကစားသမား ၃ ဦး သက်တမ်းတိုးကိစ္စနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးကစားသမား ၁၈ ဦးဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေထံ သွားရောက် ပူးပေါင်းမှာဖြစ်ပါတယ်။

အီတလီအသင်းဟာ ခီယေဆာကို မရွေးချယ်ခဲ့ပါဘူး။ တိုက်စစ်သမား အကောင်းဆုံး လုပ်နေပေမယ့် ပွဲကစားချိန် နည်းနည်းရဖို့ လိုသေးတယ်လို့ နည်းပြက ဆိုပါတယ်။

စပွန်ဆာကန့်သတ်ခြင်းနဲ့ ပတ်သက်ပြီး မန်စီးတီးကို အရေးယူဖို့ ကြိုးစားတဲ့ ပရီးမီးယားလိဂ်ကို ထောက်ခံမှုပြတဲ့ ပရီးမီးယားလိဂ် အသင်း ၈ သင်းထဲ လီဗာပူး ပါဝင်ခဲ့ပါတယ်။

ခံစစ်မှူး ကွမ်းဆက်ဟာ လီဗာပူးအသင်းမှာ ကာလရှည် ဆက်ရှိနေမယ့် စာချုပ်သစ်ကို သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။

မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်သစ်ကိစ္စဟာ အဖြေထွက်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ သိရပြီး အလားအလာကောင်းတွေ မမြင်ရသေးပါဘူး။

အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အပြီး အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ပွဲမှာ ဖောင်ဒေးရှင်းရန်ပုံငွေအတွက် လီဗာပူးအသင်းရဲ့ စပွန်ဆာလိုဂို ပြောင်းလဲကစားပါမယ်။

အဆိုပါပွဲမှာ ချယ်ဆီးဘက်က ကူကူရယ်လာနဲ့ ဖိုဖာနာတို့ အဝါကတ်တွေကြောင့် လွဲချော်မှာဖြစ်ကာ တိုက်စစ်သမား ဂျက်ဆန်ပါ လွဲချော်မလား အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရပါမယ်။

ပြင်သစ်အသင်းထံ သွားရောက် ပူးပေါင်းစဉ် ကိုနတေး ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင် ဒီဇိုင်းဟာ အတော်လေး ပွဲကျခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ အားလုံးက ညာအစွန်လူနေရာ အင်အားဖြည့်ရေးအတွက် ဦးစားပေးဟာ ထရန့်ပဲ ဖြစ်သင့်ကြောင်း သဘောတူညီခဲ့ကြတယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။ ညာအစွန်အတွက်တင် မဟုတ်ဘဲ ထရန့်ကို ကွင်းလယ်အဖြစ်ပါ ရီးရဲလ်ဘက်က မြင်ပါတယ်။

ထရန့်ရဲ့ မွေးနေ့ကို သူ့ရဲ့ သူငယ်ချင်း ဘယ်လင်ဟမ်က စပရိုက်တွေ သွားလုပ်နေပြီး bromance တွေ ထုတ်ပြနေကြပါတယ်။

အဖျားကြောင့် လီဗာပူးပွဲ လွဲထားခဲ့တဲ့ ကလယ်ဟာကို အိုင်ယာလန်အသင်းနဲ့အတူ လေ့ကျင့်နေကြောင်း ပြန်မြင်နေရပါတယ်။

ဘာ့ဂျ်ဆဲတစ်ကို ကွင်းလယ်မှာ ပြန်သုံးပြီး ဂိုးပြတ် ရှုံးနိမ့်တဲ့နောက် ဆဲလ်ဘတ်မန်နေဂျာ ပပ်လင်ဒါးဟာ ဖိအားတွေ များစွာ ဝင်နေပါပြီ။