

လက်ရှိ နိုင်ငံတကာသီတင်းပတ်အတွင်း ပြင်သစ်အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနိုင်တဲ့ ရေပန်းစားစာရင်းထဲ ကိုနတေး ပါဝင်နေပါတယ်။
မာကာဟာ သီးသန့် လေ့ကျင့်ရေး ဝင်နေပြီး ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်မလား စောင့်ကြည့်ရပါမယ်လို့ အာဂျင်တီးနားနည်းပြက ပြောပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ကြံ့ခိုင်မှု မှတ်တမ်း ပိုင်ဆိုင်ထားတဲ့ အသင်းဆိုတဲ့ ဂုဏ်ပုဒ်ဆိုးကို ဒီရာသီမှာ လွတ်ချနိုင်ဖို့ အာရုံစိုက်နေပါတယ်။
ပရီးမီးယားလိဂ်နဲ့ မန်စီးတီးကြား စပွန်ဆာကိစ္စ အမှုရင်ဆိုင်ရာမှာ လီဗာပူးအသင်းဟာ လိဂ်အတွက် သက်သေတွေ စုဆောင်းပေးတဲ့ ကလပ် ၈ သင်းထဲက ၁ သင်းဖြစ်ပါတယ်။
ထရန့်ဟာ သူ့အပေါ်ကို ပရိသတ်တွေ မကောင်းမြင်လာနိုင်တဲ့ အနေအထားကို အလိုမရှိတာကြောင့် စာချုပ်သစ်ကိစ္စ အမြန်ဆုံး အပြီးသတ်လိုကြောင်း အသံထွက်လာပါတယ်။
နိုင်ငံတကာသီတင်းပတ် ရောက်လာချိန်မှာ ထုံးစံအတိုင်း စာချုပ်သစ် ကိစ္စတွေ အသံထွက်နေခြင်းဖြစ်ကာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုး သဘောတူညီမှု ယူရေးဟာ ခက်ခဲတဲ့ ကိစ္စလို့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ဖော်ပြနေပါတယ်။
ဒီရာသီ ဥရောပ ထိပ်တန်းလိဂ်ကြီး ၅ ခုအတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ခံစစ်အတွဲက ဗန်ဒိုက်-ကိုနတေး အတွဲပဲ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းထံ ပူးပေါင်းစဉ် ကိုနတေး ဝတ်ခဲ့တဲ့ ဝတ်စုံဟာ ဂျပန်မန်ဂါဖြစ်တဲ့ My Hero Academia ထဲက ဇာတ်ကောင်တစ်ခုကို အိုင်ဒီယာယူထားခြင်း ဖြစ်ပါတယ်။
ဂျာမာန်ဘက်က သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ အသက် ၂၅ နှစ်အရွယ် အီဂျစ်တိုက်စစ်သမား အိုမာ မာမိုစ့်နဲ့ အသက် ၂၂ နှစ်အရွယ် ဂျာမနီတိုက်စစ်သမား အာဒယ်ယီမီတို့ကို ဆာလာနေရာ အစားထိုးဖို့ စောင့်ကြည့်နေကြောင်း ဖော်ပြပါတယ်။
မန်စီးတီးအသင်းဟာ ရိုဒရီ ကာလရှည် နားရမှာဖြစ်လို့ ကွင်းလယ် အင်အားဖြည့်ရေး ဇူဘီမန်ဒီကို ဇန်နဝါရီမှာ ကြိုးစားလိုနေပါတယ်။