

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာလာပြီးနောက် ပထမဆုံးသော အလုပ်အဖြစ် ရတ်ဘူးအဖွဲ့ရဲ့ ‘Global Head of Soccer’ ရာထူးကို လက်ခံလိုက်ပြီဖြစ်ပါတယ်။
အသက် ၅၇ နှစ်အရွယ် နည်းပြကြီးဟာ ပြီးခဲ့တဲ့ ရာသီကုန်တုန်းကပဲ လီဗာပူးကနေ ထွက်ခွာလာခဲ့တာပါ။ ကလော့ပ်ဟာ ဂျာမာန် လက်ရွေစင်အသင်း နည်းပြချုပ် ရာထူးကို လက်ခံမယ်လို့ သတင်းကြီးတွေ ထွက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြလောကထဲ ပြန်ဝင်မလာဘဲ အခြားသော အားကစားဆိုင်ရာ ရာထူးတစ်ခုကို လက်ခံသွားခဲ့တာဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ဟာ ရတ်ဘူးအဖွဲ့ကြီးရဲ့ နောက်ကွယ်က ထိန်းချုပ်သူ ရာထူးကိုပဲ
ကာလရှည် စာချုပ်ဖြင့် တာဝန်ယူသွားမှာပါ။ သူ့ရဲ့ တာဝန်တွေကို ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် တာဝန်ယူမယ်လို့ သိရပါတယ်။
ကလော့ပ်ဟာ လိုက်ဇစ်၊ ဆဲလ်ဘတ်၊ နယူးယော့ခ်ရတ်ဘူးတို့လို ရတ်ဘူးပိုင် ဘောလုံးကလပ်တွေအားလုံးရဲ့ ဝန်ထမ်းခေါ်ယူမှု၊ ကစားသမားခေါ်ယူမှု၊ ကစားဟန်တွေအတွက် အကြံပေးသွားမှာဖြစ်တယ်။
ဒါဟာ နည်းပြအလုပ်နဲ့ ကွဲပြားတဲ့ ဘောလုံးဆိုင်ရာ ရာထူးတစ်ခုထံ ဝင်ရောက်သွားခြင်းဖြစ်သလို မှတ်မှတ်ရရအားဖြင့် လွန်ခဲ့တဲ့ ၉ နှစ် ဒီလိုလမှာပဲ ကလော့ပ်ဟာ လီဗာပူးနည်းပြရာထူးကို စတင် တာဝန်ယူခဲ့ပါတယ်။
လီဗာပူးကနေ ထွက်သွားပြီးတဲ့နောက် ကလော့ပ်ဟာ နည်းပြလောကကနေ အပြီးတိုင် အနားယူဖို့ ဆုံးဖြတ်ထားပြီလို့ အသံထွက်နေပြီး အခုလို အကြီးအကဲ ရာထူးသစ်ကို လက်ခံလိုက်တာက ကောလဟာလတွေကို ပိုပြီး ခိုင်မာလာစေပြီ ဖြစ်ပါတယ်။