

အင်္ဂလန်နည်းပြ လီကာစလေကတော့ ကာတစ်ဂျုံးဟာ ကွင်းလယ်လူ တစ်ယောက်အဖြစ် လိုအပ်တဲ့ အရည်အချင်း အားလုံးကို ပိုင်ဆိုင်ထားသူပါလို့ ချီးကျူးပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက ထရန့်နဲ့ ဆွေးနွေးမှု လုပ်လိုပေမယ့် တိုးတက်တဲ့ အခြေအနေကို ရောက်မလာသေးပါဘူး။ ကစားသမားဘက်က လီဗာပူးနဲ့ ဆွေးနွေးဖို့ကိုပဲ ဦးစားပေးထားပါတယ်။
ထရန့်က အင်္ဂလန်အသင်းဖော် အီဇီကို သူ့ဘဝမှာ ဆုဖလား တစ်ကြိမ်မှ ထပ်မရတော့တာမျိုး ဖြစ်သွားနိုင်သလို ဆုဖလားတွေကို ထပ်ထပ်ပြီး အောင်မြင်တာလည်း ဖြစ်သွားနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ (ဘာအဓိကပဲလည်းတော့ သူပဲ သိပါလိမ့်မယ်)
အယ်လီဆန်ရဲ့ ဒဏ်ရာဟာ မှန်းဆထားသလိုပဲ တံကောက်ကြောဖြစ်နေတာကြောင့် အနည်းဆုံး ၆ ပတ် အနားယူရမယ့်အကြောင်း အသံကျယ်နေပါပြီ။ အသင်းဘက်ကတော့ တရားဝင် မကြေညာသေးပါဘူး။
ဒီရာသီ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ပြိုင်ဘက် ဧရိယာအတွင်း ထိချက် အများဆုံးက မိုဆာလာ (၇၆) ကြိမ်ဖြစ်ပါတယ်။
ဂျိုတာ အဓိက ပွဲထွက်ကစားသမားအဖြစ် နေရာရနေပြီး ဒါဝင် လူစားဝင် ကစားနေပေမယ့် ဥရုဂွေးတိုက်စစ်မှူးက ဂိုးသွင်းစွမ်းရည်ကို ပြသလာနိုင်ရင် လီဗာပူးဟာ ဖလားစိန်ခေါ်မှုမှာ ရေပန်းစားလာမယ်လို့ ဂန်းနားဟောင်း အီရန်ရိုက်က ပြောပါတယ်။
ဟာဗေးဟာ နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးအသင်းနဲ့အတူ ပြန်ပြီး ပူးပေါင်းနိုင်မယ် ယူဆရပါတယ်။ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ကိုနတေးက သူ့ကိုယ်သူ ပြင်သစ်အသင်းရဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ရှုမြင်ထားပေမယ့် နည်းပြဒက်ချ်မ့်ရဲ့ ဦးစားပေး ခံစစ်အတွဲက ဆာလီဘာ၊ အူပါမီကာနိုတို့ ဖြစ်နိုင်နေဆဲပါ။
ရတ်ဘူးအဖွဲ့ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲ ရာထူးကို တာဝန်ယူမယ် ကြေညာခဲ့တဲ့ ယာဂင်ကလော့ပ်က သူ နည်းပြလောကထဲ ပြန်ဝင်လာဖွယ် မရှိကြောင်း အရိပ်အမြွက် ပြောဆိုပါတယ်။
အာဂျင်တီးနားမှာ တစ်ဦးချင်း သီးသန့် လေ့ကျင့်ရေးတွေကိုပဲ မာကာ ပြုလုပ်နေဆဲပါ။ သူ့မှာ ကြံ့ခိုင်မှု အသေးစား ပြဿနာလေးတွေ ရှိပေမယ့် ပွဲကစားနိုင်မယ်လို့ လက်ရွေးစင် နည်းပြက မြင်ထားပါတယ်။