ကလော့ပ်ကို ဖြုံနေတဲ့ ဂယ်ရီနဗီးက နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ကို သတိပေးချက်တွေ ပြုလုပ်

လီဗာပူးအသင်းရဲ့ အမှတ်ပေးပွဲစဉ် ၇ ပွဲဆက်တိုက် နိုင်ပွဲရယူလာမှုကို မြင်ပြီး တုန်လှုပ်လာသူကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးပဲ ဖြစ်ပါတယ်။

ရာသီသိမ်းခါနီးမှာ ကလော့ပ်ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ အမှတ်တွေ ဆက်တိုက် ယူနေချိန်မှာ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ခြေချော်မှုတွေ ရှိနေတာပါ။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ဝင်ခွင့် ကိုယ်ကံကြမ္မာ ကိုယ်ရေးဖို့ကတော့ လီဗာပူးမှာ အခွင့်အရေး မရှိပါဘူး။

လက်စတာကို ၃-၀ နဲ့ အနိုင်ရအပြီး လက်သီမြောက်ကာ အောင်ပွဲခံခဲ့တဲ့ ကလော့ပ်ရဲ့ လုပ်ရပ်က အထက်က အသင်းတွေကို စိန်ခေါ်လိုက်ခြင်းလို့ နဗီးက ယူဆနေပြီး လက်ကျန် ၃ ပွဲစီကို နိုင်အောင်ကစားဖို့ အရေးတကြီး တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီနဗီးက ‘ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ သူတို့အလုပ်ကိုယ် အကောင်းဆုံး ဆက်လုပ်ရပါလိမ့်မယ်။ လက်စတာပွဲအပြီးမှာ ယာဂင်ကလော့ပ် လက်သီးတွေ မြောက်နေတာက တစ်ခုခုတော့ တစ်ခုခုပါပဲ။

အကယ်လို့ နယူးကာဆယ်နဲ့ ယူနိုက်တက် ကစားသမားတွေ အဲ့ဒီ အပြုအမှုကို မြင်မိကြရင် ကလော့ပ်တော့ နောက်ကနေ အပြီလိုက်နေပြီဆိုတာကို သတိပြုမိကြမှာပါ။ ကလော့ပ်ကလည်း အဲ့တာကိုပဲ သတိပေးလိုနေတာလို့ ထင်ပါတယ်။

လီဗာပူးက လက်ကျန် ၂ ပွဲလုံးကို အနိုင်ယူသွားတော့မှာမို့ သူတို့ နှစ်သင်း ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ဖို့ လိုလာနေပါပြီ။ လီဗာပူး အမှတ်တွေ လျော့ဦးမလားဆိုပြီး တွေးနေလို့ မရတော့ပါဘူး။ အဲ့လို ထိုင်တွေးနေလို့ အလုပ်သေချာ မလုပ်နိုင်ရင် သူတို့ကို အဆင့် ၄ နေရာ ဖယ်ပေးလိုက်ရတော့မှာပါ ‘ လို့ သတိပေးနေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၁ ပွဲပိုကစားပြီး နယူးကာဆယ်၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ ၁ မှတ်အကွာမှာ ရှိနေခဲ့တာပါ။ အထက်အသင်းတွေ ခြေချော်ခဲ့မယ်ဆိုရင် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက် နေရာယူဖို့ အသင်းဘက်က အရှိန်နဲ့ အားထုတ်လာနေခဲ့ပြီ ဖြစ်ပါတယ်။