NEWS: ဒဏ်ရာရနိုင်ချေ စိုးရိမ်ရမှုကြောင့် အီဂျစ်အသင်းကနေ ဆာလာ ထွက်လာမယ် အသံထွက်

သောကြာနေ့မှာ အီဂျစ်အသင်းက Mauritania အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မိုဆာလာဟာ နောက်အပတ် လက်ရွေးစင်ပွဲမှာ ပါဝင်မကစားဘဲ နှုတ်ထွက်လာမယ် အသံထွက်နေပါတယ်။

အင်္ဂါနေ့မှာ အီဂျစ်အသင်းဟာ ပြိုင်ဘက်အသင်း အိမ်ကွင်းထံသွားပြီး နောက်တစ်ကျော့ ကစားရဖို့ ရှိနေတာပါ။ လူဦးရေ ၈၂၀၀ ပဲ ဆံ့တဲ့ ပြိုင်ဘက်အသင်းကွင်းဟာ မြက်ခင်းတုကွင်း အမျိုးအစားလည်းဖြစ်ပါတယ်။

Mauritania အသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားမှုနဲ့အတူ ပြိုင်ဘက်အသင်း အိမ်ကွင်းရဲ့ အခြေအနေတွေကြောင့် အီဂျစ်အသင်းရဲ့ အဓိက ကစားသမားအချို့ဟာ အနားပေးခံရဖွယ် ရှိနေပါတယ်။

အီဂျစ်နည်းပြဟက်ဆန်က အဆိုပါပွဲကို မကစားချင်ဘူးလို့ ကစားသမားတွေဘက်က တောင်းဆိုမယ်ဆိုရင် အနားပေးမှာဖြစ်ကြောင်းနဲ့ ဆာလာလည်း အဲ့ကစားသမားတွေထဲ ပါဝင်နေရင် ခွင့်ပြုမယ်လို့ ပြောပါတယ်။

သူ့ရဲ့ ပြောဆိုမှု မတိုင်ခင်မှာတင် ကြမ်တမ်းတဲ့ ကွင်းမှာ မကစားလိုတာကြောင့် ဆာလာဘက်က နှုတ်ထွက်ခွင့်တောင်းထားတယ် အသံထွက်နေပြီး အတည်တော့ မပြုနိုင်သေးပါဘူး။

အီဂျစ်လူစာရင်းထဲက ထိပ်တန်း အကျော်အမော် အချို့ဟာလည်း Mauritania ရဲ့ အိမ်ကွင်းမှာ ဒဏ်ရာရနိုင်ချေ မြင့်မားတာကြောင့် ကစားလိုခြင်း မရှိဖြစ်နေပါတယ်။

ရက်ပိုင်းအတွင်း အီဂျစ်လက်ရွေးစင်အသင်းကနေ ဘယ်ကစားသမားတွေ နှုတ်ထွက်မလဲ သိရမှာဖြစ်ပြီး ဆာလာ မပါခဲ့ရင် အက်ဆာကို ခပ်စောစော ပြန်လာပူးပေါင်းဖွယ် ရှိနေပါတယ်။