ဇန်နဝါရီမှာ ကစားသမား အပြောင်းအလဲလုပ်ဖို့ စီစဉ်နေခြင်း၊ ဂိုးသွင်းနေတဲ့ ဆိုဘို၊ ကပ္ပတိန်ကြီး အီဘူးနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘော့စနီးယားကို ဟန်ဂေရီအသင်း ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆိုဘိုစလိုင်ဟာ ကိုယ်တိုင် ၂ ဂိုးလုံး သွင်းယူပေးခဲ့ပါတယ်။ သူဟာ ဘယ်တောင်ပံကနေ ပွဲထွက်သွားတာပါ။

အက်ဆာက Gym ခန်းထဲမှာ ဟာဗေးကို ပြန်မြင်နေရပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီး အသင်းလိုက် လေ့ကျင့်ရေးမှာ သူ ပါနိုင် မပါနိုင်ကတော့ မသေချာသေးပါဘူး။

ဘယ်ဂျီယံပွဲမှာ ကွင်းလယ်လူ ချူအာမီနီ အနီကတ်ဖြင့် ထုတ်ပယ်ခံရတဲ့နောက် ကိုနတေးက အသင်းခေါင်းဆောင် တာဝန်ကို လက်လွဲယူသွားပါတယ်။

အာဂျင်တီးနားအသင်း လေ့ကျင့်ရေးမှာ မာကာကို အသင်းဖော်တွေနဲ့ ပျော်ရွှင်စွာ လေ့ကျင့်နေတာကို မြင်နေရပါတယ်။

ကွင်းလယ်လူ မော်တန်ဟာ ဇန်နဝါရီမှာ လီဗာပူးကနေ အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်ခွာသွားဖို့ ပြင်ဆင်နေပါတယ်။

ဇူဘီမန်ဒီဘက်က အသင်းပြောင်းလိုစိတ်ရှိရင် ဇန်နဝါရီမှာ လီဗာပူးဘက်က ပြန်လည် ချိတ်ဆက်သွားဖို့ အဆင်သင့်ဖြစ်ပါပဲ။

ဂျပန်နဲ့ ဩစတြေးလျပွဲမှာ အသင်းခေါင်းဆောင် အန်ဒိုဟာ ကျန်းမာရေး အကြောင်းပြချက်ဖြင့် ပါဝင်နိုင်ဖွယ် မရှိပါဘူး။

လူးကပ်လေဗာဟာ လီဗာပူးအသင်းကနေ တရုတ်ဘက်ကို တိုက်ရိုက် ကူးပြောင်းဖို့ အစီအစဉ် ရှိခဲ့ပေမယ့် ယာဂင်ကလော့ပ် တားဆီးခဲ့တာကြောင့် အန်ဖီးမှာ ဆက်နေသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်၊ ဂျူဗင်တပ်တို့နဲ့အပြိုင် ရတ်စတား ဘဲလ်ဂရိတ်ရဲ့ ၁၇ နှစ်သား ကွင်းလယ်လူ Andrija Maksimovic ကို စောင့်ကြည့်နေပါတယ်။

အင်္ဂလန်နည်းပြရာထူးကို ဂွာဒီယိုလာ ဆက်ခံနိုင်ချေ ရှိနေဆဲလို့ သိရပြီး လာမယ့် လတွေအတွင်း အခြေအနေ ဘာထူးခြားမလဲ စောင့်ကြည့်နေကြပါတယ်။

၂၀၂၅ စက်တင်ဘာလမှာတော့ စူပါလိဂ်ပြိုင်ပွဲ ပုံစံသစ်ကို ကြေညာမှု ပြုလုပ်လာနိုင်တယ်လို့ သိရပါတယ်။