အင်္ဂလန်အသင်းနည်းပြသစ်ဟာ သောမက်စ် တူချယ်ဖြစ်လာခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလကစလို့ တရားဝင် တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။
ကွင်းလယ်လူ နိုင်ယွန်နီဟာ သူ့ရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ်စာချုပ်ကို လီဗာပူးအသင်းနဲ့ ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
ဖီယင်နုအသင်းမှ video analyst ဗန်ဒါဟမ်ဟာ မကြာခင်မှာပဲ လီဗာပူးကို ရောက်လာပြီး ဆလော့နဲ့ ပူးပေါင်းသွားမှာပါ။ ဆလော့ လက်ထက်မှာ analyst အပိုင်းဟာ လီဗာပူး အကြီးအကျယ် လူအင်အားဖြည့်နေတဲ့ ဌာနပဲဖြစ်ပါတယ်။
ကိုလံဘီယာက ချီလီကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒီယက်ဇ်က သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဒါဝင်ဟာ ဥရုဂွေးအတွက် မိနစ် ၉၀ အပြည့် ပွဲထွက်သွားသလို လူငယ်ခံစစ်သမား ကွမ်းဆက်ကလည်း အင်္ဂလန်ယူ-၂၁ ပွဲအတွက် ပွဲချိန်ပြည့် ကစားခဲ့ပါတယ်။
ဘိုလီဗီယာကို ၆-၀ ဖြင့် အနိုင်ရတဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအတွက် မာကာ ပွဲထွက်ပေးခဲ့ကာ ၆၅ မိနစ်ကြာ ကစားသွားပါတယ်။
အင်္ဂလန်လူစာရင်းကနေ နှုတ်ထွက်ပြီး ချစ်သူကောင်မလေး မီးဖွားတာကို သွားစောင့်ပေးနေတဲ့ ကာတစ်ဂျုံးဟာ ကလေးအဖေဖြစ်လာခဲ့ပါပြီ။
ဂျပန်လူစာရင်းမှာ အဖျားကြောင့် နောက်ဆုံးပွဲ မကစားနိုင်ခဲ့တဲ့ အန်ဒိုဟာ အက်ဆာကို ပြန်လာနေပြီဖြစ်ပါတယ်။
လီဗာပူး စိတ်ဝင်စားနေကြောင်း သတင်းထွက်နေတဲ့ ဘင်ဖီကာ ဘယ်အစွန်လူ Carreras ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်လာခဲ့သူဖြစ်တာကြောင့် အပြောင်းအရွှေ့ တကယ်ဖြစ်နိုင်ပါ့မလား သံသယဖြစ်နေကြပါတယ်။
ယာဂင်ကလော့ပ်ရဲ့ နည်းပြအဖွဲ့မှာ လက်ထောက်နည်းပြပီတာက လွဲလို့ ကျန်တဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံး အလုပ်သစ်ကိုယ်စီ ရရှိသွားကြပါပြီ။