NEWS: ဇူဘီမန်ဒီကို မခေါ်ယူတော့ပါဘူး ပြောဖို့ လီဗာပူးဘက်က ငြင်းဆန်

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့တုန်းက ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပေမယ့် အကောင်အထည် ဖော်ခါနီးမှာ ပျက်ပြယ်ခဲ့ရပါတယ်။

ရီးရဲလ်ဆိုစီဒက်ဘက်က သူတို့ရဲ့ နောက်ထပ် အဓိက ကစားသမားကို လက်မလွတ်လိုတာကြောင့် ဇူဘီမန်ဒီကို ခေါ်ယူရေး အသည်းအသန် အားထုတ်သွားကာ ကွင်းလယ်လူနဲ့ လီဗာပူးကြားမှာ ဆက်ဆံရေး တင်းမာတဲ့ထိ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆောင်းရာသီ စျေးကွက်မှာ ဇူဘီမန်ဒီကို လီဗာပူးဘက်က ပြန်ကြိုးစားမယ်လို့ သတင်းတွေ ထွက်နေပြီး အဆိုပါကိစ္စကို လီဗာပူးသတင်းရင်းမြစ်တွေက ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။

လီဗာပူး သတင်းထောက် David Lynch ကတော့ ဇူဘီမန်ဒီကို ထပ်မံ မကြိုးစားတော့ဘူးလို့ ပြောပေးဖို့ လီဗာပူးသတင်းရင်းမြစ်ဘက်က ငြင်းဆန်ခဲ့ကြောင်းအပြင် ကစားသမားနဲ့ ဆက်ဆံရေးတွေ ပျက်ဆီးခဲ့ပြီ ဆိုတာမျိုးလည်း မရှိထားဘူးလို့ ဖော်ပြလာပါတယ်။

အာနယ် ဆလော့ဟာ ဂရာဗင်ဘက်ချ်ကို နံပါတ် ၆ နေရာမှာ သုံးနေပေမယ့် နည်းစနစ်ပိုင်းအရ ဇူဘီမန်ဒီဟာ သူ့ရဲ့ စနစ်မှာ အသင့်လျော်ဆုံး ကွင်းလယ်လူအဖြစ် ရှုမြင်ထားတာပါ။

ဇူဘီမန်ဒီကို ရနိုင်ရေ ဘယ်ခြမ်း ဗဟိုခံစစ်မှူး ခေါ်ယူဖို့ကိုတောင် နောက်ဆုတ်တဲ့ထိ အာနယ် ဆလော့ဘက်က ပြတ်သားတဲ့ သဘောထားကို အသင်းအား သိမြင်ထားစေတာ ဖြစ်ပါတယ်။

စပိန်ကွင်းလယ်လူကို ၂၀၂၅ ဇန်နဝါရီမှာ လီဗာပူးဘက်က ပြန်ကြိုးစားဖို့ နောင်တမရသေးပေမယ့် ရိုဒရီကို ဆုံးရှုံးထားတဲ့ မန်စီးတီးကပါ ကြားဝင်လာနိုင်တာကြောင့် စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့ ကိစ္စ တစ်ခုပဲ ဖြစ်ပါတယ်။