ထရန့် စာချုပ်သစ် မချုပ်တော့ဘူး စပိန်သတင်းတွေ ဆို၊ ပွဲထွက်ခွင့် ယှဉ်ပြိုင်မယ့် မာမာဒီရှီဗီလီ၊ ဇူဘီမန်ဒီကို ထပ်မံ ကြိုးစားဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းရဲ့ ပရော်ဂျက်တွေက သူ့ကို ဆွဲဆောင်ခဲ့ကြောင်းနဲ့ လက်ရှိ ဂိုးသမားတွေ မထွက်ခွာရင်တောင် နောက်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ မာမာဒီရှီဗီလာက ပြောပါတယ်။

လီဗာပူးနဲ့ ကိုနတေးကြား စာချုပ်သစ်ကိစ္စဟာ အတော်လေး အဆင်ပြေပြေဖြစ်နေပြီး အသေးစိတ်ကျတဲ့ အချို့ကိစ္စတွေ သဘောတူညီမှုရရင် လက်မှတ်ထိုးမှု ပြုလုပ်မှာဖြစ်ပါတယ်။

စပိန်သတင်းဌာန မာကာကတော့ လီဗာပူးအသင်းဟာ ထရန့်ဘက်က စာချုပ်သစ် မချုပ်ဘူးကြောင်း အသိပေးမှုကို လက်ခံခဲ့တယ် လို့ ခေါင်းကြီးပိုင်းက ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဘက်က ထရန့်ကို လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားဆဲဖြစ်ကာ အင်္ဂလန် ညာအစွန်လူကို ဆွဲဆောင်နိုင်ဖို့ရာ စပိန်မီဒီယာတွေရဲ့ အကူအညီကို ရီးရဲလ်မက်ဒရစ်တို့ ရရှိနေပါတယ်။

လာမယ့်ရာသီ လီဗာပူးအသင်း အိမ်ကွင်းဝတ်စုံဟာ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့ adidas ဂျာစီကိုပဲ ကော်လံဖြုတ်ထားတဲ့ ပုံစံမျိုး လာလိမ့်မယ်လို့ အသံထွက်နေပါတယ်။

ဇန်နဝါရီမှာ လီဗာပူးဘက်က စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီအတွက် ပြန်လည် ကြိုးစားမှု ပြုလုပ်သွားနိုင်ပါတယ်။

အနီကတ်ထိပေမယ့် ရွေးစင်အသင်းမှာ ဆက်နေလိုတဲ့ ဗန်ဒိုက်ကို အသင်းထံပဲ ပြန်လာဖို့ အာနယ် ဆလော့က မက်ဆေ့ပို့ ခေါ်ယူခဲ့ပါတယ်။

ဥရုဂွေးအသင်းရဲ့ ဂိုးမရှိ သရေပွဲအပြီးမှာ ဒါဝင် အပါအဝင် အသင်းသားတွေကို ပရိသတ်တွေက boo လုပ် လှောင်ပြောင်ခဲ့ကြပါတယ်။