အမေရိကန် ရာသီကြိုတုန်းက လီဗာပူးကစားသမားတွေဟာ ကမ္ဘာကျော် မင်းသားကြီး စတားလုံးရဲ့ နာမည်ကျော် ရုပ်ရှင် ရော်ကီ ပေါက်ဖွားရာ Philadelphia မြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။
ရော်ကီဇာတ်ကောင်ဟာ ဘောက်ဆင်သမားတစ်ယောက်ရဲ့ ဘဝကို အခြေခံတာဖြစ်တာကြောင့် အဆိုပါ ဂန္တဝင်ဂုဏ်ပုဒ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဇာတ်ကား ရိုက်ကူးရာ လက်ဝှေ့ရုံနဲ့ မြို့တော်ခန်းမတွေထံ အသင်းသားတွေ သွားရောက်လည်ပတ်ခဲ့ပါတယ်။
လက်ဝှေ့ရုံမှာတော့ ဘောက်ဆင်နည်းပြက လီဗာပူးကစားသမားတွေကို ထိုးနည်း ကာနည်းတွေကို နာရီပိုင်းကြာ သင်ပြမှုတွေ လုပ်ပေးခဲ့တာကို အသင်းဘက်က ယူကျူ့မှာ ပြသထားပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာတစ်ချက်က နည်းပြအာနယ် ဆလော့ဟာ အသင်းဟောင်းတွေမှာ ကစားသမားအချို့ကို ဘောက်ဆင်ရုံတွေပို့ခဲ့ပြီး သင်တန်းတက်စေတာမျိုး ရှိခဲ့ဖူးပါတယ်။
ဒီအကြောင်းကို ထုတ်ပြောလာသူက ဖီယင်နုမှာ ညာအစွန်လူအဖြစ် ကစားခဲ့တဲ့ Holmgren Pedersen ဖြစ်ပြီး သူက အခုလို ပြောပြပါတယ်။
“ နည်းပြအဖွဲ့ဟာ အသင်းသားတွေထဲက ၃ ဦး ၄ ဦးလောက်ကို ရွေးချယ်ပြီး ဘောက်ဆင်သင်တန်းကို ပို့ခဲ့ပါတယ်။ ဒါက စိတ်ဓါတ်ပိုင်းအတွက် အရမ်းကို အကျိုးရှိသလို တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေမှာ နာကျင်မှုကို ခံနိုင်ရည် ရှိလာစေပါတယ်။
အစကတော့ ဘောက်ဆင်လေ့ကျင့်ရေးကို ဘာလုပ်မှလဲ? လို့လို့လား? တွေးမိပေမယ့် သွားခဲ့ပါတယ်။ နောက်ပိုင်း လေ့ကျင့်ရေးမှာဆိုရင်လည်း ပိုမို ကြံ့ခိုင်မှု ကောင်းလာစေသလို ကွင်းထဲမှာ ဘောလုံးမှန်မှာတွေကိုလည်း ကြောက်မနေတော့ပါဘူး။ ပျော်ရပါတယ် ” လို့ သူက ပြောပြပါတယ်။
လက်တလောထိတော့ အာနယ် ဆလော့က လီဗာပူးကစားသမားတွေကို ဘောက်ဆင်ထိုးခိုင်တယ် မကြားမိသေးပါဘူး။ ဒါပေမယ့် လေ့ကျင့်ရေးအပြင် Gym ချိန်တွေ ပိုများလာတယ်လို့တော့ သိထားရပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုမို ဂရုစိုက်ပေးလာဟန်တော့ ရှိတာပဲဖြစ်ပါတယ်။
