လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်သစ်ကိစ္စ စကားပြောမှုဟာ တိုးတက်မှုရှိနေတယ်လို့ အသံထွက်လာပါတယ်။ ဒါဟာ စပိန်ဘက်က သတင်းတွေနောက်ပိုင်း မာဆေးဆိုဒ် သတင်းထောက်တွေဘက်က ပထမဆုံး အသံပြန်ထွက်လာတာပါ။
ထရန့် ကိုယ်တိုင်ကတော့ ငယ်မွေးခြံပေါက်ကလပ်ဖြစ်တဲ့ လီဗာပူးမှာပဲ ဆက်နေလိုနေဆဲဖြစ်ပါတယ်။
ခီယေဆာက ဒီအပတ် ချယ်ဆီးပွဲအတွက် သူ အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်း လီဗာပူးဒေသတွင်း မီဒီယာကို ဖြေဆိုပေးပါတယ်။
လီဗာပူးအသင်းက သူ့ကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးခဲ့ပေမယ့် ပွဲကစားလိုတာကြောင့် ထွက်ခွာလာခဲ့တာပါလို့ ကိတ်တာက ဝန်ခံခဲ့ပါတယ်။
ဒီနွေမှာ လီဗာပူးနည်းပြတာဝန်ကို ရယူဖို့ ငြင်းဆန်ခဲ့တဲ့ အလွန်ဆိုဟာ ယူနိုက်တက်ထံက ကမ်းလှမ်းမှုကိုပါရခဲ့တယ်လို့ သိရပါတယ်။
ဆိုဘိုစလိုင်ကို အနီကတ် မပြခဲ့လို့ ဝေဖန်နေတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ လုပ်ရပ်ဟာ အဓိပ္ပာယ်မရှိတာဖြစ်ကြောင်း ဒိုင်လူကြီးဟောင်း ဟော့ဝပ်ဝဘ်က တုန့်ပြန်ပါတယ်။
ချယ်ဆီးအသင်းဟာ သူတို့လူငယ်ကြယ်ပွင့် ရီယိုကို လီဗာပူးအသင်း ခေါ်ယူသွားတာကို သဘောမကျတာကြောင့် သူတို့အကယ်ဒမီပွဲတွေအား လီဗာပူးကင်းထောက် တက်ရောက် ကြည့်ရှုခွင့်အား ပိတ်ပင်ခဲ့ပါတယ်။
လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၆ သင်းလောက်ဟာ ရှက်တာဒိုးနပ် ကြယ်ပွင့်လေး Georgiy Sudakov ကို ကင်းထောက် စောင့်ကြည့်နေပါတယ်။