ဒီအပတ် ချယ်ဆီးပွဲမတိုင်ခင် လီဗာပူးအသင်းရဲ့ အဓိက ကစားသမားအချို့ဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ နားလည်ရပါတယ်။
အယ်လီဆန်ဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် အပြီးထိ အနားယူနေရမှာဖြစ်ပြီး ဒီအပတ်ပွဲမှာ ဟာဗေး ပြန်လာနိုင်ဖို့က သိပ်စောသေးဟန် ရှိပါတယ်။
သောကြာနေ့ မီဒီယာတွေ့ဆုံမှုအတွင်း ဆလော့က “ လက်ရွေးစင်အသင်းတွေက ပြန်လာမယ့် ကစားသမားအချို့မှာ ပြဿနာလေးတွေ ရှိနေပါတယ်။
ဒီနေ့မှ သူတို့ အခြေအနေကို ပြည့်ပြည့်စုံစုံ အကဲခတ်နိုင်မှာပါ။ အသင်းနဲ့အတူ သူတို့ ပထမဆုံးအကြိမ် ပြန်လေ့ကျင့်နိုင်မှာပါ။ လေ့ကျင့်ရေးမှာ သူတို့ အားလုံးကို အတူတကွ ပြန်မြင်ရမယ့် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
လေ့ကျင့်ရေးအပြီး အားလုံးရဲ့ အခြေအနေကို ကြည့်ရပါမယ်။ မာကာက တစ်ပွဲလွဲပြီး ဒုတိယပွဲ ကစားထားတယ်။ ကိုစတက်က အင်္ဂလန်ကို ရင်ဆိုင်တဲ့ပွဲကို လွဲထားတယ်။ ကျနော်တို့မှာ ပြဿနာအချို့ ရှိနေတယ်။ စောင့်ကြည့်ရမှာပါ ” လို့ ပြောပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ အန်ဒိုကလည်း အဖျားကြောင့် ဂျပန်အသင်းပွဲ တစ်ပွဲ လွဲချော်ထားပါတယ်။ သူအပြင် ကိုစတက်လည်း ကစားနိုင်ဖွယ် မရှိသေးပါဘူး။ မာကာက နိုင်ငံတကာသီတင်းပတ်မှာ ၆၅ မိနစ်စာပဲ ပါဝင်ထားတာပါ။
မီဒီယာတွေ့ဆုံမှုမှာ တိုက်စစ်သမား ခီယေဆာအကြောင်းလည်း မပြောခဲ့တာမို့ ချယ်ဆီးပွဲ လွဲချော်နိုင်သူ ၆ ဦးထိ ရှိနေတာပဲ ဖြစ်ပါတယ်။
