ချယ်ဆီးအသင်းကို မိုဆာလာ၊ ကာတစ်ဂျုံးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်သွားပါပြီ။
သွင်းဂိုး ၁၆၀ နဲ့ ဂိုးထောက်ပံ့မှု ၇၂ ကြိမ် လုပ်နိုင်တဲ့နောက် ပရီးမီးယားလိဂ်မှာ မိုဆာလာထက် ပိုပြီး သွင်းဂိုးအတွက် ပါဝင်ပတ်သက်ထားနိုင်သူဟာ ၅ ဦးပဲ ကျန်ရှိပါတော့တယ်။
ကာတစ်ဂျုံးကတော့ ဒါက အစပဲဖြစ်ပြီး နောက်ထပ် သွင်းဂိုးတွေ လာဦးမယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ ဖခင်ဖြစ်လာတဲ့ ဂျုံးဟာ ဂိုးသွင်းအပြီး ဘေဘီအောင်ပွဲခံမှု ပုံစံ လုပ်ခဲ့ပါသေးတယ်။
နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးအသင်းမှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေကြောင်း အာနယ် ဆလော့က ဝန်ခံပါတယ်။
ဂျိုတာရဲ့ ဒဏ်ရာ အသေးစိတ် မသိရသေးပေမယ့် ဒီကြားရက် လိုက်ဇစ်နဲ့ပွဲကိုတော့ လွဲချော်သွားမှာဖြစ်ပါတယ်။
ချယ်ဆီးကို အနိုင်ရတဲ့ပွဲမှာ မိုဆာလာကို ညာအစွန်-တောင်ပံ သမားအဖြစ် အသုံးချခဲ့ပြီး အသင်းနိုင်ပွဲအတွက် အဆိုပါနေရာကနေ ကူညီပေးခဲ့တယ်လို့ ဆလော့က ချီးကျူးပါတယ်။
ဂျိုတာ နေရာ လူစားဝင်လာတဲ့ ဒါဝင်ဟာ ချယ်ဆီးပွဲမှ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ပရိသတ်တွေရဲ့ သဘောကျခြင်းကို ပိုင်ဆိုင်နေပါတယ်။
အချို့သော ဒိုင်ဆုံးဖြတ်ချက်တွေဟာ အန်ဖီးကွင်းက ပရိသတ်တွေရဲ့ အသံကြောင့် ဘက်လိုက် ဆုံးဖြတ်ခဲ့တာလို့ ချယ်ဆီးနည်းပြ မာရက်စ်ကာက ဆိုပါတယ်။
ဒီရာသီ အာနယ် ဆလော့ရဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိမ့်မယ်လို့ မန်စီးတီး ကစားသမားဟောင်း မီဂါ ရစ်ချက်က သုံးသပ်လိုက်ပါတယ်။
တစ်နှစ်တာအကောင်းဆုံး အင်္ဂလန်ကစားသမားဆုရှင် ပါလ်မာ ဘာမှ မလုပ်နိုင်အောင် ကာတစ်ဂျုံး ထိန်းချုပ်ပြခဲ့တာပါလို့ နှစ်သင်း ကစားသမားဟောင်း စတားရစ်က မှတ်ချက်ပေးပါတယ်။
ဂျိုတာဖြစ်ရပ် တိုဆင် အနီကတ် မထိခြင်းဟာ လီဗာပူးအတွက် ကွင်းလယ်ဒိုင်ရဲ့ မမျှတတဲ့ ဆက်ဆံမှုဖြစ်ပေမယ့် အာဆင်နယ် ပရိသတ်တွေကတော့ အဆိုပါ ဆုံးဖြတ်ချက်က မှန်ပြီး ဆာလီဘာတုန်းက အဝါပဲပြရမှာလို့ မတရားခံရသူဟာ သူတို့ဖြစ်ကြောင်း ထုတ်ဖော်နေကြပါတယ်။