ဂျိုတာ အချိန်တစ်ခုကြာ နားရနိုင်ခြင်း၊ ဘင်နီတက်စ် ချီးကျူးခြင်းခံရတဲ့ အသင်းသား၊ ဆာလာ စာချုပ်ကိစ္စနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးနဲ့ ဗန်ဒိုက်တို့ဟာ စာချုပ်ကိစ္စ သဘောတူညီမှု မရသေးပေမယ့် နှစ်ဘက် အဖွဲ့တွေကြား စကားပြောမှု ပြုလုပ်နေပြီဖြစ်ပါတယ်။

ထရန့်ဟာ ချယ်ဆီးပွဲကို လွဲချော်ဖွယ် ရှိနေခဲ့ပေမယ့် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာသီတင်းပတ်အပြီး အသင်းရဲ့ လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့ဘူးလို့ သိရပါတယ်။

လိုက်ဇစ်ပွဲ လွဲချော်သွားမယ့် ဂျိုတာရဲ့ ဒဏ်ရာ အတိမ်အနက်ကို အခုထိ မသိရသေးပါဘူး။ မပြင်းထန်ရင် ၂ ပတ် ပြင်းထန်ရင် ၆ ပတ်လို့ သုံးသပ်နေကြပါတယ်။

လီဗာပူးပရိသတ်တွေ ဆာလာကို ချစ်နေကြဆဲဖြစ်တာကြောင့် စာချုပ်သစ်ကိစ္စ ဖြစ်ပေါ်လာမယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်အတွဲက ဗန်ဒိုက်နဲ့ ကိုနတေးဖြစ်ပြီး ၈ ပွဲကစား ပေးဂိုး ၃ ဂိုးပဲ ရှိထားပါတယ်။

ဂယ်ရီနဗီးဟာ လီဗာပူးနဲ့ ချယ်ဆီးပွဲအတွင်း မာဆေးဆိုဒ်ကလပ်နဲ့ ပတ်သက်လို့ အဆိုးမြင်တဲ့ မှတ်ချက်တွေနဲ့အတူ ပွဲကို တင်ဆက်သွားခဲ့ပါတယ်။ ဥပမာအားဖြင့် ဒါဝင်ကို အဝါကတ် ပြသင့်ကြောင်း၊ ဆာလာရဲ့ ပင်နယ်တီ မပေးတာ မှန်ကန်ကြောင်းမျိုးတွေ ဖြစ်ပါတယ်။

ဒါဝင် နူးညက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံးဝင်လုမှု ၉ ကြိမ်ထိ အောင်မြင်ထားကာ အာဆင်နယ် ကွင်းလယ်လူ ရိုက်စ်ထက်တောင် ပိုများနေပါတယ်။

ချယ်ဆီးကို အနိုင်ရတဲ့ပွဲအတွင်း ကားတစ်ဂျုံးရဲ့ အမြင်စူးရှမှုနဲ့ နေရာလွတ်တွေကို ပိတ်ပေးနိုင်စွမ်းဟာ မယုံနိုင်စရာ အရည်အချင်းအဖြစ် ဘင်နီတက်စ်က ချီးကျူးပါတယ်။

ဂျိုတာနဲ့ တိုဆင်ဖြစ်ရပ်မှာ ပြိုင်ဘက်ခံစစ်သမား အနီကတ် မပြသခံရခြင်းထက် ကာတစ်ဂျုံးရဲ့ ဒုတိယပင်နယ်တီ ခွင့်ပြုမခံရခြင်းအပေါ်ပဲ အာနယ် ဆလော့က အသားပေး ထောက်ပြသွားပါတယ်