

ချယ်ဆီးပွဲမှာ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို ဂိုးထောက်ပံ့မှုလည်း လုပ်နိုင်တဲ့နောက် မိုဆာလာဟာ ဒီရာသီ လီဗာပူးအတွက် ၁၁ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၃ ဂိုးအတွက် ပါဝင် ပတ်သက်ထားပြီဖြစ်ပါတယ်။
မိုဆာလာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၆၂ ဂိုးနဲ့အတူ ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်သမား ၁၀ ဦးထဲ ပါဝင်နေပါပြီ။ သူဟာ အာဆင်နယ် ဂန္တဝင် အွန်နရီနဲ့ ချယ်ဆီး ဂန္တဝင် လမ်းပတ်တို့ကို ဒီရာသီမှာတင် ကျော်ဖြတ်သွားနိုင်ဆဲပါ။
ဒါပေမယ့်လို့ လက်ရှိရာသီဟာ ဆာလာရဲ့ နောက်ဆုံး ဘောလုံးရာသီဖြစ်နေတာကြောင့် ဒီစံချိန်ကောင်းတွေ ဆက်ချိုးတာမျိုး မြင်ရဖို့က သံသယရှိစရာ အခြေအနေ ဖြစ်ပါတယ်။
ကာရေဂါကတော့ ဆာလာ ဂိုးတွေရတာကို ကျေနပ်နေပြီး စံချိန်တွေကို ဆက်လက် ချိုးနိုင်ခြင်းဟာ ဆာလာကို ဆက်ထိန်းနိုင်မယ့် အကြောင်းရင်းတွေထဲက တစ်ခုအဖြစ် မြင်ထားကြောင်းကို
“ ဒီရာသီ အကုန်လောက်ဆိုရင် သီယာရီ အွန်နရီရဲ့ ၁၇၅ ဂိုးနဲ့ ဖရန့်လမ်းပတ်ရဲ့ ၁၇၇ ဂိုးကို ဆာလာ လိုက်မီသွားမလားဆိုတာ ကျနော်တို့ ကြည့်ရပါမယ်။
ဒါကလည်း လီဗာပူးမှာ ဆာလာ သက်တမ်းတိုးသွားနိုင်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ချက်ပဲဖြစ်ပါတယ်။ သူတို့က ငွေကြေးနဲ့အတူ စာချုပ်သက်တမ်းအကြောင်း စကားပြောနေရတာတော့ ရှိမှာပေါ့လေ။
ဆာလာက လီဗာပူးမှာ မှတ်တမ်းတွေ အားလုံးကို ချိုးဖျက်ထားတာပါ။ ဒီမှတ်တမ်းတွေမှာ ထိပ်ကို ပိုတက်လာနိုင်တာ ချိုးဖျက်နိုင်တာတွေက ကစားသမားတစ်ယောက် အနေနဲ့ ဆာလာ အာရုံစိုက်နေပါလိမ့်မယ်။
ကျနော်ကတော့ သူက တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်လို့ မမြင်ထားဘဲ အသင်းလိုက် ကစားနိုင်စွမ်း မြင့်မားသူ တစ်ယောက်လို့ မြင်ပါတယ်။ ” လို့ ဆိုသွားတာပဲ ဖြစ်ပါတယ်။