ဆိုဘိုက ဘာကောင်းတာလဲ ဆိုတဲ့ အီရန်ရိုက်နဲ့ ဇယားထိပ်မှာ ရှိနေတာ ပျော်မနေဖို့ လီဗာပူးကို သတိပေးတဲ့ ရွိုင်ကိန်း

လီဗာပူးအသင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပေမယ့် ချန်ပီယံလောင်းတွေ အဖြစ် သတ်မှတ် ချီးကျူးဖို့ရာ အဆင်သင့်မဖြစ်သေးဘူးလို့ ပြိုင်ဘက်ဟောင်းတွေက မြင်ပါတယ်။

ဂန်းနားဟောင်း အီရန်ရိုက်က လီဗာပူး ကွင်းလယ်လူ ဆိုဘိုစလိုင်ကို မေးခွန်းထုတ်ခဲ့ပြီး ဟန်ဂေရီသားထံက အထင်ကြီးစရာတွေ သိပ်မမြင်ထားရဘူးလို့ ပြောပါတယ်။

‘ ဂရာဗင်ဘက်ချ် ဒီလောက်ထိ လုပ်ပြနိုင်မယ် ဘယ်သူမှ မထင်မှတ်ထားခဲ့ကြဘူး။ ကာတစ်ဂျုံးကလည်း ရုတ်တရတ်ကြီး စူးရှတောက်ပလာတယ်။ ဆိုဘိုစလိုင်ထံကတော့ စွမ်းဆောင်ရည်ကောင်းတွေ မြင်ရတယ် မထင်မိပါဘူး။

ဂရာဗင်ဘက်ချ်နဲ့ ကာတစ်ဂျုံးတို့ရဲ့ စွမ်းဆောင်ရည်ကပဲ ချယ်ဆီးပွဲမှာ လီဗာပူးကို ဆွဲခေါ်သွားတာပါ ’ လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က မှတ်ချက်ပေးပါတယ်။

ဒီလတွေအတွင်း လီဗာပူးတို့ ဇယားထိပ် တက်နေတာလောက်နဲ့ ချန်ပီယံဖြစ်မယ်လို့ ပြောကြတာက သိပ်စောလွန်းနေပြီး မနှစ်က ကလော့ပ် လက်ထက်မှာလည်း လီဗာပူးက အစောပိုင်း ရမှတ်တွေကောင်းခဲ့သေးတယ်လို့ ရွိုင်ကိန်းက ဆိုပါတယ်။

ရွိုင်ကိန်းကတော့ ‘ လီဗာပူး လုပ်ပြနေတာကို ကျနော်တို့က ဘာကြောင်းများ အံ့အားသင့်နေကြတာလဲ? မနှစ်ကလည်း လီဗာပူးတို့ ရမှတ် ၈၀ ကျော်ခဲ့တာပဲလေ။ အခုမှ အောက်တိုဘာပဲ ရှိပါသေးတယ်။

အာဆင်နယ် သိပ်မကောင်းဘူးလို့ ပြောကြပေမယ့် လီဗာပူးကို ဖလားရေပန်းစားတယ် ပြောရအောင်က အခုမှ အောက်တိုဘာလပါ။

မင်းတို့ ချီးကျုးတာ ချီးကျူးလို့ရပါတယ်။ အခုမှ အောက်တိုဘာပဲ ရှိသေးတယ်။ အောက်တိုဘာမှ ဇယားထိပ်ရောက်ရုံနဲ့ ဘာမှ မရပါဘူး ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။