အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် ၁၀ ဦး စာရင်းထဲတောင် မိုဆာလာ မပါနိုင်ခဲ့ပါဘူး။
တနင်္ဂနွေနေ့ အာဆင်နယ် vs လီဗာပူး ပွဲမှာ နှစ်သင်းပေါင်း ကစားသမား ၁၂ ဦး ဝန်းကျင်လောက် ပွဲကို လွဲချော်သွားဖွယ် ရှိနေပါတယ်။ လီဗာပူးဘက်က ဂျိုတာ၊ အယ်လီဆန် တို့အပြင် အာဆင်နယ်ဘက်ကလည်း ဆာကာ၊ ကယ်လာဖီအိုရီတို့ ပါနိုင်ဖို့ မသေချာပါဘူး။
အာဆင်နယ် vs လီဗာပူးပွဲကို ကိုင်တွယ်မယ့် အန်သိုနီ တေလာဟာ သူ့ရဲ့ ဒိုင်လူကြီးဘဝမှာ လီဗာပူးပွဲကို အခြား ဘယ်အသင်းပွဲထက်မဆို အများဆုံး ကိုင်တွယ်ခဲ့သူပါ။ သူကိုင်တွယ်တဲ့ ပွဲတွေအတွင်း လီဗာပူးရဲ့ ပွဲအနိုင်ရမှုဟာ ၅၄.၈% ရှိပါတယ်။
လိုက်ဇစ်ဘက်က ကစားသမားဟောင်း ဆိုဘိုစလိုင်ကို အမှတ်တရ အရုပ်ပေးခဲ့ပြီး လူမှုကွန်ယက်ကနေ ဆုတောင်းပေးမှုအောက်မှာ ကိုနတေးက (…) သွားချခဲ့ပါတယ်။
ပြင်သစ်သား ခံစစ်မှူး ကိုနတေးဟာလည်း လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းလာခဲ့သူပါ။ လိုက်ဇစ်ဘက်ကတော့ “မင်းကလည်း ငါ့တို့အဖွဲ့သားတွေထဲက တစ်ဦးပါ” လို့ တုန့်ပြန် မှတ်ချက်ပေးခဲ့ပါတယ်။
ဆလော့ရဲ့ စိတ်ကြိုက် ကွင်းလယ်လူ ဆိုဘိုစလိုင်ကို လီဗာပူးပြင်ပ သုံးသပ်သူတွေက ဆက်တိုက်ဆိုသလို ဝေဖန်လာကြပါတယ်။ ဆိုဘိုဟာ လီဗာပူးအတွက် အဓိကကျတဲ့ လှုပ်အားနှုန်းပိုင်ရှင်ဖြစ်ကာ သူ အပါအဝင် မာကာ၊ ဂရာဗင်ဘက်ချ် ကွင်းလယ်အတွဲဟာ လိဂ်ရဲ့ အတည်ငြိမ်ဆုံး ကွင်းလယ်တန်းတွေထဲ ပါဝင်နေတာပါ။
Kökçü ရဲ့ ဖခင်ကတော့ သူ့သားဟာ နေရာတစ်ခုတည်းမှာ မြဲနေမှာ မဟုတ်ဘဲ ဘင်ဖီကာကနေ လီဗာပူးအသင်းထံ ပြောင်းဖို့က ဘာလို့များ မဖြစ်နိုင်ရမှာလဲလို့ ဆိုပါတယ်။
ကောလဟာလ သတင်းတွေမှာ ခီယေဆာနဲ့ သူ့မိသားစုတွေဟာ အိမ်လွမ်းနေကြပြီး ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပကို အငှားဖြင့် ပြန်ထွက်သွားမယ် ဆိုနေပါတယ်။
မန်စီးတီးရဲ့ ဖလားတွေကို ပယ်ဖျက်ခဲ့လို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ဒုတိယနေရာမှာ ရှိခဲ့တဲ့ ယူနိုက်တက်ကို ဖလား တစ်ကြိမ် ပြန်ပေးရင် သူ အောင်ပွဲခံမယ်လို့ မော်ရင်ညိုက ပြောပါတယ်။