အင်္ဂါနေ့ည ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးရဲ့ ပြိုင်ဘက် ချယ်ဆီးနည်းပြက ဘယ်သူဖြစ်မလဲ

လီဗာပူးအသင်းဟာ ဒီအပတ် အင်္ဂါနေ့မှာ စတမ်းဖိုဒ့်ဘရစ်ကို သွားပြီး ချယ်ဆီးအသင်းနဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ မနက်ကပဲ နည်းပြပေါ်တာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အသင်းဟာလည်း ဒီရာသီ လီဗာပူးအသင်းလို ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

ထိပ်ဆုံး ၄ သင်းဝင်ခွင့် မျှော်လင့်ချက်ကို ပြန်လည် ဖော်ဆောင်ဖို့ အသင်းက ဒီကြားရက်ပွဲကို အနိုင်ရဖို့ လိုပါတယ်။ စိတ်ပူစရာက အသင်းရဲ့ အဝေးကွင်း ရလဒ်ဖြစ်ပြီး ဒီရာသီ အဝေးကွင်းပွဲ ၁၄ ပွဲကစား ၃ ပွဲနိုင် ၃ ပွဲသရေ ၈ ပွဲထိ ရှုံးထားတာပါ။

ချယ်ဆီးအသင်းက နည်းပြပေါ်တာကိုပဲ ရာထူးကနေ ထုတ်ပယ်တာဖြစ်ပြီး သူ့ရဲ့ နည်းပြအဖွဲ့ကိုတော့ လက်ရှိ တာဝန်တွေမှာ ဆက်ထားထားဦးမှာပါ။ ဒါကြောင့် ပေါ်တာရဲ့ လက်ထောက်ဖြစ်တဲ့ ဘရူနို ဆေတာ ဦးဆောင်တဲ့ နည်းပြအဖွဲ့က အင်္ဂါနေ့ည လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ တာဝန်ယူပေးဖို့ ဆက်ရှိနေပါဦးမယ်။

အသင်းဟာ အမှတ်ပေးပွဲ ၁၁ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ စတုတ္ထနေရာက ယူနိုက်တက်နဲ့ ၈ မှတ်တောင် ကွာဟနေတာမို့ လက်ကျန်ပွဲစဉ် အားလုံးကို လုံးဝ ရမှတ် ဆုံးရှုံးလို့မရတော့တာ ဖြစ်ပါတယ်။