

အာနယ် ဆလော့ကပဲ အသင်းရဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာ၊ ခီယေဆာနဲ့ ဘရတ်ဒလေတို့ ဒဏ်ရာကြောင့် အာဆင်နယ်ပွဲလွဲမယ်လို့ အတည်ပြုပါတယ်။
တနင်္ဂနွေနေ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲကို ဂိုးသမား အယ်လီဆန်နဲ့ ကွင်းလယ်လူ ဟာဗေးတို့ ဆက်လက် လွဲချော်ကြဦးမှာပါ။ သူတို့နှစ်ဦးထဲမှာ ဟာဗေးကတော့ သိပ်မကြာခင် ပြန်ကစားနိုင်လောက်ပေမယ့် ခပ်မြန်မြန်တော့ ဖြစ်လာဦးမှာ မဟုတ်ပါဘူး။
နည်းပြဆလော့ကတော့ ဂျိုတာ၊ ခီယေဆာနဲ့ ဘရတ်ဒလေတို့ကို နာမည်တပ်ပြီး အခုလို ပြောပြပါတယ်။
“ သူတို့တွေ အခြေအနေကောင်းပါတယ်။ ဒါပေမယ့် ဒီအပတ်ပွဲမှာတော့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ အသင်းနဲ့အတူ ခီယေဆာ ပြန်ပြီး လေ့ကျင့်နိုင်ပါလိမ့်မယ်။
ဒီယေဂိုကတော့ အသင်းနဲ့အတူ လေ့ကျင့်ရေး မဝင်နိုင်သေးပါဘူး။ ဘရတ်ဒလေလည်း မနက်ဖြန်မှာ ကျနော်တို့နဲ့အတူ လေ့ကျင့်နိုင်မလား ကြည့်ကြတာပေါ့ ” လို့ ဆလော့က ပြောပါတယ်။
ဂျိုတာနေရာမှာ ဒါဝင်က တိုက်ရိုက် ပါဝင်ကစားနေပြီး သူ လူစားဝင်လာတဲ့ ချယ်ဆီးပွဲမှာကော ပွဲထွက်က ပါဝင်တဲ့ လိုက်ဇစ်ပွဲမှာပါ လီဗာပူးအသင်း အနိုင်ရခဲ့ပါတယ်။
အယ်လီဆန်နေရာမှာ ကလယ်ဟာ ဝင်ရောက် ကစားနေကာ ခံစစ်မှာ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေးထားနိုင်တယ်။ ခီယေဆာနဲ့ ဟာဗေးတို့က ပွဲကစားချိန် မရထားသလောက်ဖြစ်နေကာ ပွဲကြပ်ကာလမှာ သူတို့ရဲ့ အားဖြည့်ပေးမှုကို အသင်းဘက်က လိုအပ်နေတာ ဖြစ်ပါတယ်။