ဒီကနေ့ညပွဲကြို အာဆင်နယ်အသင်းသားတွေ ဟိုတယ် စုဝေးမှုမှာ ဒဏ်ရာရနေတဲ့ ဆာကာကော တင်ဘာပါ ပါဝင်လာပါတယ်။
လီဗာပူးအသင်းဟာ အညှာအတာကင်းမှုတွေကို ပြသလို့ မန်စီးတီးကို ယှဉ်ပြိုင်ကာ ဖလားယူဖူးတဲ့အသင်းဖြစ်ပြီး နည်းပြအာနယ် ဆလော့ကလည်း အသင်းကောင်းတစ်သင်းကို အမွေဆက်ခံခွင့်ရခဲ့သူဖြစ်ကြောင်း အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဒဏ်ရာတွေအကြောင်းပြလို့ သူတို့ကို အောက်အသင်းအဖြစ် ရှုမြင်ကြပြီး ဖိအားကင်းအောင် လုပ်နေသလို နိုင်ရမယ်ဆိုတဲ့ ဖိအား လီဗာပူးအပေါ် ရောက်အောင် အားထုတ်နေတယ်လို့ သုံးသပ်လာကြပါတယ်။
ဒီအပတ် အာဆင်နယ် vs လီဗာပူး ပွဲအတွက် ပေါမာဆန်၊ ခရစ်ဆက်တန်၊ အလန်ရှီးယား အစရှိတဲ့ ဗြိတိန်နာမည်ကြီး သုံးသပ်သူ အားလုံးက အနည်းဆုံး လီဗာပူးသရေ ယူနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ထရန့်ကတော့ သူဟာ ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ဦးဖြစ်လိုပြီး “ပွဲကို ပြောင်းလဲနိုင်တဲ့ ကစားသမား” လို့ သတိရကြတာမျိုး လိုချင်တယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပွဲမှာ အိမ်ရှင်အသင်းက ၄-၀ ဖြင့် ဂိုးပြတ် ရှုံးခဲ့တဲ့နောက် မက်ဒရစ်ကလပ်ဟာ ပြဿနာတွေစတင်နေပြီဖြစ်လို့ အခုချိန်ဟာ အသင်းပြောင်းသင့်တဲ့ အချိန် မဟုတ်ကြောင်း ထရန့်ကို သတိပေးနေကြပါပြီ။
ကလယ်ဟာက ဒီရာသီ အယ်လီဆန် ဒဏ်ရာကြောင့် နားနေရချိန် အဓိက ပွဲထွက်သူနေရာ ဝင်ယူနေပေမယ့် နွေကျရင် ထွက်ခွာသွားမှာ သေချာသလောက် ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ရိုဒရီဂိုကြား အပြောင်းအရွှေ့ ဇာတ်လမ်းတွေ ဖော်ပြလာမှုက အခုမှ အစပဲရှိသေးကာ နောက်ထပ်လည်း ဖော်ပြခံရဖွယ် ရှိနေပါတယ်။
ဒီနှစ်ကုန်ရင် ရာထူးကထွက်တော့မယ့် ကင်းထောက်ချုပ် ဖယ်လိုးနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် ကင်းထောက် Markus Pilawa ကို လီဗာပူးဘက်က ချိတ်ဆက်ဖွယ် ရှိနေပါတယ်။