အာဆင်နယ်ပွဲမှာ ၁ နေရာကလွဲလို့ ပုံမှန် ရွေးချယ်မှုကိုပဲ ပြုလုပ်ဖွယ်ရှိတဲ့ အာနယ် ဆလော့

ဆလော့နဲ့အတူ ပြန်လည် စတင်နေတဲ့ လီဗာပူးအသင်းဟာ ဖလားစိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ရေပန်းစားတဲ့ အာဆင်နယ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

Team news

  • ခီယေဆာ လေ့ကျင့်ရေး ဝင်နေပေမယ့် အာဆင်နယ်ပွဲ ပါနိုင်မှာ မဟုတ်ပါဘူး။
  • ဒဏ်ရာရထားတဲ့ ဂျိုတာ လေ့ကျင့်ရေးတောင် မဝင်နိုင်သေးပါဘူး။
  • ဘရတ်ဒလေ ဒဏ်ရာ မပြင်းထန်ပေမယ့် လန်ဒန်ခရီးကို လိုက်ပါမှာ မဟုတ်ပါဘူး။

Liverpool’s XI vs. Arsenal

အာနယ် ဆလော့ဟာ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို စတွေ့လာကာ နေရာ ၃ နေရာကလွဲရင် စိတ်ကြိုက် လူစာရင်းကို ရှာထားနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် အယ်လီဆန် မရှိချိန် ဂိုးသမားနေရာ ကလယ်ဟာ ပွဲထွက်ပြီး ခံစစ်က ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့ပဲ ပွဲထွက်ပါမယ်။ ကွင်းလယ်မှာ မာကာနဲ့ ဂရာဗင်ဘက်ချ်တို့ အထိုင်ကစားမှာဖြစ်ပါတယ်။

အဓိက စောင့်ကြည့်ရမှာက တိုက်စစ်အတွက် ဖိအားပေးမှုဖြင့် ကူညီမယ့် ကွင်းလယ် ၁ နေရာအတွက်ဖြစ်ပါတယ်။ အာနယ် ဆလော့က ဆိုဘိုကို အတော်လေး သဘောကျပြီး ဟန်ဂေရီသားဟာ လီဗာပူးပြင်ပမှာတော့ နာမည်ကောင်း မရထားပါဘူး။ ဆိုဘိုနေရာ ဝင်ကစားတိုင်း ကာတစ်ဂျုံးရဲ့ စွမ်းဆောင်ရည်က မဆိုးလှပါဘူး။

လိုက်ဇစ်ပွဲမှာ ဆိုဘိုကို မိနစ် ၉၀ အပြည့် ထုတ်သုံးထားလို့ ကာတစ်ဂျုံးကို နေရာပေးလာမယ်ဆိုရင် အံ့ဩစရာတော့ မဟုတ်ပါဘူး။

တိုက်စစ်မှာ ချန်ပီယံလိဂ်ပွဲတုန်းက ဂက်ပိုကို ပွဲချိန်ပြည့် ထုတ်ခဲ့တာကြောင့် အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ် အတွဲဖြစ်လာဖို့ ရာနှုန်းများပါတယ်။ အရန်အဖြစ် ဂက်ပို တစ်ဦးတည်း ရှိနေပါလိမ့်မယ်။

ဒီနေ့ညပွဲဟာ လီဗာပူးအတွက် အရေးကြီးသလို အာနယ် ဆလော့အတွက်လည်း လက်ရှိ ရင်ဆိုင်ဖူးထားသမျှ အပြင်းထန်ဆုံး ပွဲကြီးတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။