ပီအက်စ်ဂျီ ဝင်ပါလာခြင်း၊ ခံစစ်သမားတွေ ချိန်ရွယ်ထားခြင်း၊ ထိပ်ဆုံး ၁၀ ဦးထဲပါတဲ့ မာမာဒီရှီဗီလီနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဗလန်စီယာအသင်းထံ အငှားချထားတဲ့ လီဗာပူးဂိုးသမား မာမာဒီရှီဗီလီဟာ 2024 Yachine Trophy ဆုမှာ နံပါတ် ၇ နေရာ ချိတ်ခဲ့ပါတယ်။

လီဗာပူးမှာ ကလော့ပ်ရဲ့ခေတ်က အဆုံးသတ်မှာပါ ဆိုခဲ့သူကြီး အဲရစ်တန်ဟက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါပြီ။

လီဗာပူးနည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့ဖူးတဲ့ စပို့တင်းနည်းပြအမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှု စတင်နေပါတယ်။

မနှစ်ကရာသီ အမ်းမရိတ်ကပွဲနဲ့ ဒီရာသီ အမ်းမရိတ်ကပွဲကို ကြည့်မယ်ဆိုရင် လီဗာပူးအသင်းဟာ ဂိုးရနိုင်ချေ မြင့်တက်လာသလို ဂိုးပေးရနိုင်ချေ သိသိသာသာကြီး ကျဆင်းသွားပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်တဲ့ ပထမပိုင်းမှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အားမရစရာတွေဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ကွင်းလယ် နံပါတ် ၁၀ နေရာ ၂ ဦးထားပြီး ဖိအားပေးမှုကို မြင့်တင်ဖို့ ပြောင်းလဲခဲ့သလို အသင်းသားတွေကိုလည်း ပို အလှုပ်ကစားပေးကြပါဆိုပြီး ဆလော့က လမ်းညွှန်းခဲ့တယ်လို့ သိရပါတယ်။

ပွဲပြီးခါနီး တတိယဂိုး သွင်းယူနိုင်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယုံကြည်နေပြီး ဆိုဘိုစလိုင်အပေါ် ဖိပြီး ဘောလုံးယူမှုနဲ့ ထရန့်ကို ဟာဗက်စ် တွန်းတိုက်မှုတွေက ဖောင်းမဟုတ်ဘူးလို့ ၎င်းတို့က ဆိုပါတယ်။

စတီဗင်ဂျရတ်က တိုက်စစ်မှူး ဆာလာကို ဆော်ဒီလာဖို့ထက် လီဗာပူးမှာ နှစ်ရှည် ဆက်နေဖို့ပဲ တိုက်တွန်းသွားပါတယ်။

ကာရေဂါကတော့ အာတီတာကို ဂွာဒီယိုလာနဲ့ နှိုင်းယှဉ်ဖို့ထက် ခံစစ်ပိတ်ရာမှာ နာမည်ကြီးလှတဲ့ မော်ရင်ညိုနဲ့ နှိုင်းယှဉ်သွားပါတယ်။

လီဗာပူးနဲ့ အဆင်မပြေသေးသလို ရီးရဲလ်နဲ့ပါ သဘောတူညီမှုမရသေးတဲ့ ထရန့်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီဘက်ကလည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။

လီဗာပူးဘက်က နော်တင်ဟမ် ဖောရက်စ် ခံစစ်မှူး Murillo ကို အလေးအနက် သဘောကျမှု ရှိနေပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘရာဇီးသားဟာ ဘယ်ခြမ်း ခံစစ်မှူးအဖြစ် ကစားသူဖြစ်ပါတယ်။

ညာခြမ်းအတွက် ပြင်ဆင်မှုတွေကို ကြိုတင်လုပ်ဆောင်ခြင်းအဖြစ် လီဗာပူးအသင်းဟာ ဆဲလ်ဘတ်အသင်းမှ အသက် ၂၂ နှစ်အရွယ် Amar Dedić ကို စိတ်ဝင်စားမှု ပြသနေပါတယ်။