

ဂျိုတာနဲ့ ဟာဗေးတို့ဟာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်ထိ ဘောလုံးပြန်ကစားနိုင်ဖို့ မရှိကြောင်း နည်းပြဆလော့က အတည်ပြုပါတယ်။
ဘရိုက်တန်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ဘရတ်ဒလေ ပြန်ပါလာပါတယ်။ ကာရာဘောင်းပွဲမှာ ထရန့်အစား သူပွဲထွက်မယ်လို့ သိထားရပါတယ်။
နောက်ဆုံးလုပ်လိုက်တဲ့ အင်တာဗျူးမှာ ထရန့်ကပဲ အသက် ၆ နှစ်အရွယ်တည်းက ပူးပေါင်းလာတဲ့ လီဗာပူးအသင်းဟာ သူ့အတွက်တော့ အရာအားလုံးပါပဲလို့ ဆိုခဲ့ပါတယ်။
အခြားသော ကလပ်တွေထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့် ဗန်ဒိုက်ဟာ လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဖို့ ကိစ္စကို ဆက်လက် ဆက်နွေးနေဆဲလို့ သိရပါတယ်။
ဗန်ဒိုက်၊ ထရန့်၊ ဆာလာတို့ ၃ ဦးအတွင်း လီဗာပူးမှာ ဆက်နေဖွယ် အရှိဆုံးက ဗန်ဒိုက်ဖြစ်ပြီး ထွက်ဖို့ အနီးစပ်ဆုံးက ထရန့်ဖြစ်ကာ ဆာလာကတော့ ကြားအခြေအနေလို့ သတင်းထောက် Richard Jolly က ပြောပါတယ်။
ချယ်ဆီး တိုက်စစ်သမား ပါလ်မာက သူ့ရဲ့ ကစားသမားဘဝ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အဖြစ် ဗန်ဒိုက်ကို ရွေးချယ်ပါတယ်။
စပို့တင်း တိုက်စစ်မှူး ခရိုကီးယက်စ်ကို လီဗာပူးအသင်း နှစ်သက်နေကြောင်း အင်္ဂလန်ပြင်ပ သတင်းထောက်တွေက စတင်ဖော်ပြနေပါတယ်။ တိုက်စစ်သမားရဲ့ စာချုပ်ပါကြေးဟာ နောက်နှစ်နွေမှာ ယူရို သန်း ၇၀ ဝန်းကျင်ထိ ကျဆင်းလာနိုင်ပါတယ်။
ဘရိုက်တန်အသင်းမှ ခံစစ်နဲ့ ကွင်းလယ်ခံစစ်သမား ကင်းမရွန်းကြယ်ပွင့် Carlos Baleba ကို လီဗာပူးဘက်က အတော်လေး သဘောကျကြောင်း သတင်းတက်နေပါတယ်။
အက်သလက်တီကို ကြယ်ပွင့် Pablo Barrios မှာ ယူရို သန်း ၁၀၀ တန် စာချုပ်ရှိပေမယ့် လီဗာပူးဘက်က အမှန်တကယ် ကြိုးစားရင် ကွင်းလယ်တိုက်စစ်သမားကို ယူရို သန်း ၅၀ ဖြင့် ရနိုင်တယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။