

ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အိမ်ကွင်းထံသွားပြီး အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ရပါမယ်။
Team news
- ဘရတ်ဒလေ ပွဲနေ့လူစာရင်းထဲ ပါဝင်လာပါမယ်။ (ပွဲထွက်ကနေပါ ပါနိုင်မယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်)
- ဂျိုတာ၊ ဟာဗေးတို့ နိုဝင်ဘာ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်ကစားနိုင်လောက်မှာပါ။
- အန်ဒို ပွဲထွက်ခွင့်ရပါမယ်။
- အယ်လီဆန်နဲ့ ခီယေဆာတို့ ဒဏ်ရာကြောင့် မပါနိုင်သေးပါဘူး။
Liverpool’s XI vs. Brighton
ဒီပွဲ နည်းပြအာနယ် ဆလော့ရဲ့ ရွေးချယ်မှုဟာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ လက်ရှိ လူစာရင်းအရ အပြောင်းအလဲ အများကြီး လုပ်နိုင်ဖို့ မရှိပါဘူး။ သူ့အနေနဲ့ ရေရှည်အတွက် ကစားသမားတွေအတွက် ရွေးချယ်ဖို့ဆိုရင် အရန်လူတွေကို ထုတ်သုံးမှာဖြစ်ကာ ဟန်ချက်ညီတဲ့ အသင်းကို ရွေးချယ်မယ်ဆိုရင် အဓိက ကစားသမားတွေ ဆက်ပါပါလိမ့်မယ်။
ဂိုးသမားနေရာမှာ ဂျာရိုစ့် ဝင်ကစားမှာဖြစ်ပါတယ်။ ဒီရာသီ မိနစ်အနည်းငယ်ပဲ ကစားရသေးတဲ့ တတိယဂိုးသမားအတွက် ဒါဟာ အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။
ခံစစ်မှာတော့ ဘရတ်ဒလေ၊ ကွမ်းဆက်၊ ဂိုးမက်စ်၊ ကိုစတက်တို့ကို ရွေးချယ်မယ်ဆိုရင် စီနီယာခံစစ်ကြောင်းကို ထိန်းသိမ်းလို့ရစေမှာပါ။ ဘရတ်ဒလေ ကစားနိုင်ဖို့ မသေချာရင် ဂိုးမက်စ်ကို အစွန်ထုတ်ပြီး ဗန်ဒိုက် ပါလာဖို့ရှိပါတယ်။
ကွင်းလယ်မှာ အန်ဒို ပါလာမှာဖြစ်ကာ မော်တန်နဲ့ ဂျုံး ဒါမှမဟုတ် မာကာနဲ့ ဆိုဘိုအတွဲကို ရှေ့တင်လာနိုင်ပါတယ်။ ဖြစ်စေချင်တဲ့ ကွင်းလယ်ကတော့ အန်ဒို၊ မော်တန်၊ မာကာပဲဖြစ်ပါတယ်။ မာကာရဲ့ နံပါတ် ၁၀ နေရာ ကစားနိုင်စွမ်းကို မြင်ချင်တာပါ။
တိုက်စစ်ကတော့ ဂက်ပို၊ ဒါဝင်၊ ဆာလာပဲ ဖြစ်လာပါလိမ့်မယ်။