ကွာတားဖိုင်နယ် ပြိုင်ဘက်၊ မတူညီတဲ့ တုန့်ပြန်မှုတွေရကြတဲ့ ပွဲထွက် အသင်းသားများ၊ အရန်ခုံက လူငယ်စတား ဘယ်သူလဲ နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကာရာဘောင်းဖလားမှာ ဘရိုက်တန်ကို ၃-၂ ဖြင့် အနိုင်ယူခဲ့တဲ့ လီဗာပူးအသင်းဟာ နောက်တစ်ဆင့်မှာတော့ ဆောက်သမ်တန်အသင်း အိမ်ကွင်းထံ သွားရောက် ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ စပါးကို ရှုံးနိမ့်ခြင်းကြောင့် ကာရာဘောင်းကနေ ထွက်သွားရပါပြီ။ ချယ်ဆီးနဲ့ အက်စတွန်ဗီလာလည်း ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ပွဲထွက်ကနေ ကစားခဲ့တဲ့ ကွင်းလယ်လူ မော်တန်ထက် လူစာရင်းဝင်လာတဲ့ နိုင်ယွန်နီအပေါ် ပိုမို ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ သူ့အသက်အရွယ်နဲ့ ဒီလောက် ယုံကြည်မှုရှိနေတာက မယုံနိုင်စရာပဲဆိုတဲ့ မှတ်ချက်မျိုးတွေ များပါတယ်။

ပွဲနေ့ လူစာရင်းမှာ ပါဝင်လာတဲ့ Ranel Young ဟာ အသက် ၁၈ နှစ်အရွယ် တိုက်စစ်အားသန် အင်္ဂလန်သားဖြစ်ပါတယ်။ သူဟာ ဒီရာသီ ယူအီးအက်ဖ်အေ လူငယ်လိဂ်နဲ့ လီဗာပူး ယူ-၂၁ ရဲ့ အဓိက ကစားသမားလည်း ဟုတ်ပါတယ်။

သွင်းဂိုး ၂ ဂိုး သွင်းခဲ့တဲ့ ဂက်ပိုဟာ သူ့အတွက်တော့ ပွဲထွက်ကစားသမားဖြစ်ပြီး ၁ ဂိုးသွင်းခဲ့သူ ဒီယက်ဇ်နဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ရမှာက လီဗာပူးလိုအသင်းအတွက် ဖြစ်သင့်တဲ့ ကိစ္စလို့ ဆလော့က ဆိုပါတယ်။

လီဗာပူးပွဲနေ့ လူစာရင်းမှာ မပါခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ သူ့ကောင်မလေးနဲ့ ဒိတ်ထွက်နေချိန် ဖုန်းနဲ့ လီဗာပူးပွဲ ထိုင်ကြည့်နေခဲ့ပါတယ်။ (ကိုယ်တွေလိုပဲ သူလည်း ဖုန်းနဲ့ အားပေးနေရတာပါပဲ)

ကာရာဘောင်းပွဲမှာ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်သွားတဲ့ ဂျာရိုစ့်ဟာ ကာကွယ်မှုကောင်းတွေအပြင် တိုက်စစ်ကို ဘောလုံးဖြန့်နိုင်စွမ်းအတွက် အသင်းပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို ရရှိနေပါတယ်။

ခံစစ်မှူး ကွမ်းဆက်ဟာ တစ်ဦးချင်း ကစားပုံ အချို့မှာ ကောင်းမွန်ခဲ့ပေမယ့် ယုံကြည်မှု ကျဆင်းနေဟန်ရှိပြီး သူ့ရဲ့ အမှားတွေဟာ ဘရိုက်တန်ပွဲမှာ အသင်းကို ရင်ထိတ်စေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်နွေမှာ အထောင်တိုက်စစ်မှူး ခေါ်ယူရေးကို ဦးစားပေးမယ် အသံထွက်နေပြီး တိုက်စစ်ပိုင်း အပြောင်းအလဲ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

ရတ်ဘူးနဲ့ ပူးပေါင်းလို့ ဝေဖန်ခံနေခြင်းအတွက် နည်းပြကလော့ပ်က လူတိုင်း ပျော်အောင်တော့ သူ မလုပ်ပေးနိုင်ဘူးလို့ တုန့်ပြန်ပါတယ်။