ဆိုဘိုစလိုင်ရဲ့ ဝန်ခံချက်၊ တိုက်စစ်သမား ၂ ဦးကို စိတ်ဝင်စားခြင်း၊ ဗန်ဒိုက်ပြောတဲ့ အခက်ခဲဆုံး ၂ သင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အောက်တိုဘာလ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာဆုအတွက် ဆန်ကာတင် စာရင်းမှာ အာနယ် ဆလော့က ဂွာဒီယိုလာတို့နဲ့အတူ ပါဝင်နေပါတယ်။

သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက် ၂ သင်းက မန်စီးတီးနဲ့ အာဆင်နယ်ပါလို့ ဗန်ဒိုက်က ရွေးချယ်ပါတယ်။

လီဗာပူးအသင်း ပစ်မှတ်ဟောင်းဖြစ်တဲ့ ချူအာမီနီကို ဒီနွေမှာ အရောင်းတင်ဖို့ ရီးရဲလ်မက်ဒရစ်ဘက်က စီစဉ်နေပါတယ်။

ဒီအပတ် ပရီးမီးယားလိဂ်ပွဲကျရင် ကာရာဘောင်း ရှုံးပွဲအတွက် လီဗာပူးကို ပြန်ပေးဆပ်စေမယ်လို့ ဘရိုက်တန်နည်းပြက ကြွေးကြော်ပါတယ်။

တိုက်စစ်မှူး Marmoush နဲ့ လီဗာပူးကြား အပြောင်းအရွှေ့ ဖော်ပြချက်တွေ ပိုများလာပြီး လက်ရှိအချိန်ထိတော့ သတင်းရင်းမြစ်တွေဟာ အင်္ဂလန်ပြင်ပက လာတာတွေပဲ ဖြစ်နေပါသေးတယ်။

ထရန့်ကို သက်တမ်းတိုးရေး စကားပြောနေမှု လမ်းကြောင်းထဲမှာ လီဗာပူးရှိနေဆဲဖြစ်သလို ဦးစားပေးအဖြစ်လည်း သတ်မှတ်ထားကြောင်း သတင်းထောက် David Lynch က အတည်ပြုပါတယ်။

ကစားသမားဟောင်းကြီး Luis Garcia ကတော့ ဟောလိုးဝင်းနေ့မှာပဲ အတိတ်ကို ပြန်ပြီး အမှတ်ရစေမယ့် ဗီဒီယိုကို တင်သွားခဲ့ပြန်ပါတယ်။ ထုံးစံအတိုင်း ကျော်ကြားခဲ့တဲ့ Ghost Goal အမှတ်တရပါပဲ။

စာချုပ် နောက်ဆုံးနှစ်ထဲ ဝင်နေပြီဖြစ်တဲ့ မူဆီယာလာကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ မန်စီးတီး၊ ရီးရဲလ်တို့အပြင် လီဗာပူးလည်း ပါဝင်နေပါတယ်။

အဆုံးသတ်ပိုင်းတွေမှာ ဆိုးရွားလွန်းနေတဲ့ ဆိုဘိုစလိုင်က သူအနေနဲ့ ကံသိပ်မကောင်းဖြစ်နေသလို ပိုပြီး ကြိုးစားဖို့လည်း လိုနေကြောင်း ဝန်ခံပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူတို့အသင်းဟာ ဒုက္ခတွေများနေရပြီး ပွဲနေ့တွေအတွက် ရွေးချယ်စရာ ကစားသမား ၁၃ ဦးပဲ ရှိတော့တယ်လို့ ပြောပါတယ်။