သူတို့ ရှုံး-ရ-တာ လီဗာပူးပရိသတ်တွေ-ကြော-င့်-ပါ-လို့ ဘရိုက်တန်နည်းပြ ဝန်ခံ

လီဗာပူးကို ရှုံးခဲ့တာဟာ အန်ဖီးကွင်းက လွှမ်းမိုးမှု ကြီးလွန်းတဲ့ ပရိသတ်တွေရဲ့ အင်အားကြောင့်ဖြစ်တယ်လို့ ဘရိုက်တန်နည်းပြ ဟာဇယ်လာက ပွဲအပြီး ပြောလာပါတယ်။

ပထမပိုင်းမှာ ဆိုးရွားလွန်းတဲ့ ခြေစွမ်းတွေဖြင့် ကစားပြီး ၁-၀ ရှုံးနေတဲ့ လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာ ခြားနာတဲ့ စွမ်းဆောင်ရည်တွေဖြင့် မတူညီတဲ့ ကလပ်တစ်သင်းလို ပြောင်းလဲသွားခဲ့ပါတယ်။

“ ကျနော်တို့ ကွင်းအားပေးမှု (အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေ) အခြေအနေကနေ ထိုးနှက်ခံလိုက်ရပါတယ်။ ဒီလို အတွေ့အကြုံမျိုး ခံစားဖူးဖို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကို ယူနိုင်ရေး သင်ယူဖို့တွေက အရေးကြီးပါတယ်။ ” လို့ ဘရိုက်တန် နည်းပြက ပြောပါတယ်။

လီဗာပူးပရိသတ်တွေဟာ နိုင်ပွဲရဖို့ လိုအပ်တဲ့ အသင်းအတွက် ဒုတိယပိုင်းမှာ ပြင်းထန်တဲ့ အသံတွေကို စတင် ဖန်တီးခဲ့ပြီး ဆူညံပြီး ပြင်းရှတဲ့ ဒီအားပေးမှုတွေက အသင်းသားတွေကို နိုင်မှရမယ်ဆိုတဲ့ ရဲတင်းမှုမျိုး ဖြစ်သွားစေခဲ့တာပါ။

ဟာဇယ်လာကပဲ “ အန်ဖီးကွင်းရဲ့ အားပေးကြမ်းပုံကို တီဗီထဲမှာပဲ ကျနော် သိမြင်ခဲ့ဖူးတာပါ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါပြီ။

ဒါတွေက အသေးစိတ်ကျတဲ့ ကိစ္စတွေပါ။ အသံကျယ်ကျယ် အားပေးတယ်၊ ကွင်းအတွင်း အခြေအနေတွေကို ကြမ်းရှတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင် ဖန်တီးသွားကြတယ်။ ဒီလို အနေအထားမှာ ကျနော်တို့ တည်ငြိမ်နေဖို့ လိုခဲ့ပါတယ်။

အစောပိုင်းမှာ တောင့်ခံနိုင်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်အောင် ကျနော်တို့ မလုပ်နိုင်တော့ပါဘူး။ လီဗာပူးရဲ့ ပွဲအပေါ် လွှမ်းမိုးမှုကြီးက ပိုပြင်းထန်ပြီးရင်း ပြင်းထန်လာတာပါပဲ ” ဆိုကာ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။