အန်ဖီးကို မမေ့ပါဘူး ဆိုတဲ့ ဆာလာ၊ ဒဏ်ရာ မပြင်းထန်တဲ့ ကိုနတေး၊ တန်ဟက်ကို လေပြန်တိုက်တဲ့ ကလော့ပ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မိုဆာလာကတော့ သူ့အနာဂတ် ဘာပဲဖြစ်လာလာ ရာသီကုန်ရင် ဖလားအောင်မြင်လိုတယ် လို့ ထုတ်ပြောပါတယ်။

ဆာလာရဲ့ ပြောဆိုမှုမှာ ” ဘာတွေပဲဖြစ်လာလာ အန်ဖီးမှာ ဂိုးသွင်းရတဲ့ အရသာကို မေ့သွားမှာ မဟုတ်ဘူး” ဆိုတဲ့ စကားလုံးတွေ ပါဝင်ခဲ့တာမို့ စာချုပ်သစ် ကိစ္စက အဆင်မပြေသေးဘူးလို့ ယူဆရပါတယ်။

အီဘူးရဲ့ ဒဏ်ရာဟာ ခွဲစိတ်စရာ မလိုတဲ့အတွက် ပြင်းထန် ဒဏ်ရာမျိုး မဟုတ်ခဲ့ပါဘူး။ ကစားသမားကတော့ လာမယ့်ပွဲကစလို့ ပြန်ပါနိုင်မယ် မြင်နေပါတယ်။

လီဗာပူးအသင်းက မိုဆာလာကို အနည်းဆုံး ၂ နှစ် စာချုပ် ကမ်းလှမ်းသင့်တယ်လို့ ဘီဘီစီ သုံးသပ်သူ မီဂါရစ်ချက်က မှတ်ချက်ပေးပါတယ်။

ကိုနတေး နေရာ လူစားဝင်ကစားပေးခဲ့တဲ့ ဂိုးမက်စ်ရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုနဲ့ အဆင်သင့်ရှိနေမှုအပေါ် အာနယ် ဆလော့က အသိအမှတ်ပြုပါတယ်။

တန်ဟက် ထွက်ခွာသွားအပြီးမှာ ကလော့ပ်က သူ့ရဲ့အကောင့်ကနေ ခေတ်တစ်ခုက အဆုံးသတ်ပြီဆိုတဲ့ စာသားကို တင်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်အသင်းမှ Mbeumo နဲ့ ဘုန်းမောက်အသင်းမှ Semenyo တို့ကို ဆက်တိုက် ကင်းထောက်နေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ဝုဗ်ဘယ်အစွန်လူ Ait-Nouri ကို လီဗာပူးအသင်းဘက်က သက်သာတဲ့ စျေးတန်းတစ်ရပ်ဖြင့် ခေါ်ယူလို့ ရနို်င်တယ်လို့ သတင်းထွက်နေပါတယ်။

Al-Ittifaq အသင်းရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲထိ ရှုံးနိမ့်ခဲ့တဲ့နောက် စတီဗင်ဂျရတ်ကို ဆော်ဒီအသင်းပရိသတ်တွေက သဘောမကျမှုတွေ မြင့်တက်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီမှာ ထရန့်ကို ခေါ်ယူနိုင်ရေး ပေါင် ၄၂ သန်းဖြင့် အားထုတ်နိုင်ဖို့ ကြိုးစားကြည့်ဦးမှာပါ။