

လေဗာကူဆင်အသင်းနဲ့အတူ လီဗာပူးကို ပြန်လည် ရင်ဆိုင်ရတော့မယ့် အလွန်ဆိုက အန်ဖီးပတ်ဝန်းကျင်ကို လွမ်းဆွတ်နေပြီး သိပ်ကောင်းတဲ့ ဝန်းကျင်တစ်ခုအဖြစ် ချီးကျူးလိုက်ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးဟာ ထိပ်တန်း အသင်းကောင်းဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးပါတယ်။ ဂွာဒီယိုလာဟာ လီဗာပူးအသင်း သူ့အထက် ရောက်သွားတိုင်း မီဒီယာတွေမှာ ဆွဲဆွဲခေါ်ပြီး ဖိအားတွေ တွန်းပို့ပေးဖူးတဲ့ သာဓကတွေ ရှိပါတယ်။
ကိုနတေးဟာ ချန်ပီယံလိဂ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်သွားပါတယ်။
အမှတ်ပေးဇယားမှာ မန်စီးတီးကို ၂ မှတ်ဖြတ်ထားခြင်းကြောင့် လီဗာပူးရဲ့ တိုးတက်မှုကို ချီးကျူးကြပေမယ့် မန်ချက်စတာကလပ်ကပဲ ချန်ပီယံဖြစ်ရေး ပိုမို ရေပန်းစားကြောင်း အင်္ဂလန်သုံးသပ်သူတွေက ပြောပါတယ်။
အနာဂတ်နဲ့ ပတ်သက်လို့ ထူးခြားတဲ့ စကားလုံးတွေ ထုတ်ပြောနေပေမယ့် ဆာလာဟာ သိပ်ကောင်းတဲ့ အဆင့်မှာ ရှိနေပြီး အမြဲတမ်းလည်း ဒီအဆင့်မှာပဲ ရှိနေခဲ့သူလို့ ဆလော့က ချီးကျူးပါတယ်။
ကစားသမားဘဝ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲ ကစားရတော့မယ့် ကလယ်ဟာကတော့ ခံစားချက်တွေ သိပ်ကောင်းနေကြောင်းနဲ့ အန်ဖီးရဲ့ နာမည်ကျော် ချန်ပီယံလိဂ်ညကို သူ တာဝန်ယူဖူးခြင်း မရှိဘူးလို့ ဝန်ခံပါတယ်။
အမ်မိုရင်းဟာ လီဗာပူးနည်းပြ ရာထူးအတွက် ကမ်းလှမ်းခံရဖူးခြင်း မရှိကြောင်း paul joyce က ပြောပါတယ်။ လီဗာပူးအသင်းဟာ အာနယ်ဆလော့၊ အမ်မိုရင်း အပါအဝင် လူငယ်နည်းပြတွေဖြင့် စကားပြောခဲ့ပေမယ့် ကလော့ပ်နေရာ ဆက်ခံမယ့် အသင်းရဲ့ နည်းပြရာထူးကိုတော့ ဆလော့ တစ်ဦးတည်းကိုပဲ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပေးဖလား ၁၉ ကြိမ် အောင်မြင်ခဲ့သလို ချန်ပီယံလိဂ် ၆ ကြိမ် အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် အဓိက ထောက်တိုင်ဖြစ်တဲ့ လီဗာပူးပရိသတ်တွေဟာ ပြင်ပအသံတွကို မေ့ထားပြီး one game at a time လို့ လိုက်လံ သတိပေးနေကြပါတယ်။ ဆိုလိုတာက လက်ရှိကိုပဲ အာရုံစိုက်ကြဖို့နဲ့ မျှော်လင့်ချက်တွေနဲ့ ပြာပန်းခတ်မနေကြဖို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မီဒီယာတွေ့ဆုံမှုတွေမှာ အာနယ် ဆလော့ကို စာချုပ်ကိစ္စတွေ ဖြေခွင့် လုံးဝ ပေးမထားပါဘူး။ ဒါဟာ နည်းပြချုပ်ကို ကွင်းတွင်းနဲ့ လေ့ကျင့်ရေးကွင်း ကိစ္စတွေကိုပဲ အာရုံစိုက်ထားစေပြီး အခြားသော ကိစ္စတွေအတွက် ရစ်ချက်ဟုချ်လို သက်ဆိုင်သူတွေကပဲ ကြီးကြပ်မယ့် လက္ခဏာဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ လီဗာပူးအသင်း ဝတ်ဆင်ကစားမယ့် Adidas ရဲ့ အဝေးကွင်းဂျာစီ ဒီဇိုင်း ထွက်ပေါ်လာနေပါပြီ။
လီဗာပူးအသင်းဟာ ဖရန့်ဖတ်အသင်းမှ အသက် ၂၀ အရွယ် ဆွီဒင် ကွင်းလယ်လူ လာဆန်ကို စောင့်ကြည့်နေကြောင်း စကိုင်းစပေါ့က ဖော်ပြပါတယ်။