ဖိအားတွေကို စိန်ခေါ်တဲ့ အာနယ်၊ ရေပန်းစားမှု တက်လာနေခြင်း၊ ဆာလာ စာချုပ်ကိစ္စ တွန်းအားပေးနေကြခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီအပတ်ရဲ့ ချန်ပီယံလိဂ် အကောင်းဆုံး အသင်းမှာ ဟက်ထရစ်ရှင် လူးဝစ် ဒီယက်ဇ် ပါဝင်သွားပါတယ်။

လီဗာပူးပရိသတ်တွေနဲ့အတူ You’ll Never Walk Alone သီချင်းကို အဖွင့်မှာ ပါဝင်သီဆိုခဲ့တဲ့ လေဗာကူဆင် ပရိသတ်တွေကတော့ သူတို့ကို ကောင်းမွန်စွာ ဧည့်ခံပေးခြင်းအတွက် လီဗာပူးကို ကျေးဇူးတင်ကြောင်းနဲ့ ဘောလုံးရာသီ လက်ကျန် ကာလတွေမှာ အကောင်းဆုံးတွေဖြစ်စေဖို့ မျှော်လင့်ကြောင်း ဆုတောင်းပေးသွားပါတယ်။

လီဗာပူး ဇယားထိပ်မှာ ရောက်နေတာမို့ ဖိအားများသွားပြီဖြစ်ကာ အာဆင်နယ်က အေးအေးဆေးဆေး နောက်ကနေ လိုက်ကစားနိုင်ပါပြီလို့ လန်ဒန်ပရိသတ်တွေက ထုတ်ဖော်နေကြပါတယ်။

နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ထရန့်နဲ့ ဂျုံးတို့ ပါဝင်လာခဲ့ပါတယ်။

အင်္ဂလန် ယာယီနည်းပြ ကာစလေကတော့ ကာတစ်ဂျုံးဟာ သူ လက်တွဲဖူးသမျှထဲမှာ အဘက်ဘက်က လုပ်ပြနိုင်စွမ်းရှိတဲ့ ကစားသမားအဖြစ် ချီးကျူးပါတယ်။

ဆာလာရဲ့ စာချုပ်သစ်ကိစ္စ ပိုမို တိုးတက်လာရေး နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ အသင်းဘက်က အားထုတ်ဖို့ ပရိသတ်တွေဘက်က တွန်းအားပေးသွားတော့မှာပါ။

နည်းပြဆလော့က သူနဲ့ အသင်းသားတွေဟာ ဒီရာသီမှာ ဖိအားတွေကို ရင်ဆိုင်လိုပြီး အခုလို ဇယားထိပ်တွေမှာ ရှိနေရတာဟာ သူတို့ လိုချင်တဲ့ ဖိအားတွေပါလို့ ထုတ်ပြောပါတယ်။

ဘွန်ကီတွေက မန်စီးတီးကို ချန်ပီယံဖြစ်မယ့် အသင်းအဖြစ် အလေးပေးဆဲဖြစ်ပေမယ့် လီဗာပူးကိုလည်း ရေပန်းစားမှုမှာ ပိုတင်ပေးလာနေပါတယ်။

လီဗာပူးအသင်းနဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ခရိုကီးယက်စ်ကို လာမယ့် နွေမှာ ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်း ပေးရဖို့ ရှိပါတယ်။

ရီးရဲလ်အသင်းဟာ လီဗာပူးဘက်က စိတ်ဝင်စားမှု ပြသခဲ့ဖူးတဲ့ ကွင်းလယ်လူ ချူအာမီနီကို ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။