စာချုပ်သစ်ကိစ္စအတွက် ဆာလာဘက်က အခြေအနေကို သတင်းထောက် ထုတ်ဖော်

ဒီရာသီ အာနယ် ဆလော့ လက်အောက်မှာ ၁၆ ပွဲကစားပြီး ၉ ဂိုး သွင်းကာ ဂိုးကြိမ် ဂိုးထောက်ပံ့ပေးထားတဲ့ ဆာလာဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မှာပါ။

လီဗာပူးနဲ့ ဆာလာ စာချုပ်ကိစ္စဟာ တိုးတက်တဲ့ အခြေအနေ ရှိနေပြီဆိုတဲ့ သတင်းမျိုး မကြားရသေးဘဲရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ” ဆာလာရဲ့ ဘာတွေပဲဖြစ်လာပါစေ အန်ဖီးမှာ ဂိုးသွင်းရတဲ့ အရသာကို မမေ့ပါဘူး” ဆိုတဲ့ ပြောဆိုမှုကလည်း ပရိသတ်တွေကို စိတ်ပူလာစေတယ်။

၂၀၂၅ ဇန်နဝါရီကစလို့ အင်္ဂလန်ပြင်ပ ကလပ်တွေဘက်က ဆာလာကို အကြို စကားပြောခွင့်ရမှာဖြစ်ကာ ဘာစီလိုနာ အပြင် ထိပ်တန်းအသင်းအချို့က စိတ်ဝင်စားရိပ် ပြသနေပါတယ်။

သတင်းထောက် David Lynch ကတော့ ဆာလာဟာ လီဗာပူးမှာပဲ ဆက်နေချင်နေကြောင်း သူ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်သမိုင်းမှာ ဂန္တဝင်တွင်မယ့် စံချိန်တွေကို ချိုးဖျက်ဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်နေခြင်းဟာ ဆာလာကို လီဗာပူး ဆက်နေရေး အဓိက ဆွဲဆောင်မှု ဖြစ်ပါတယ်။

လီဗာပူးနဲ့ ဆာလာကြား အဓိက အတားဆီးက စာချုပ်သက်တမ်းဖြစ်ပြီး အသင်းဘက်က ၂ နှစ်ဝန်းကျင်ပဲ ပေးလိုတော့ကာ ကစားသမားဘက်က ၃ နှစ်ဝန်းကျင် ရလိုနေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် မိုဆာလာဟာ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်သမားတွေထဲ တစ်ဦး ဖြစ်နေတာပါ။ ဒါပေမယ့် ဒီရာသီ နောက်ပိုင်းမှာ လက်ရှိ စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုကို ဆက်ထိန်းနိုင်မလားက ကြီးမားတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

လီဗာပူးဘက်က ဆာလာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ပေးချေနေပြီး ဆုကြေးတွေနဲ့ဆိုရင် ပေါင် ၅ သိန်း ဝန်းကျင်ထိ ရောက်ရှိနိုင်ပါတယ်။ စာချုပ်သစ်မှာတော့ တူညီတဲ့ ပမာဏမျိုးကို ကစားသမားဘက်က တောင်းဆိုသွားဦးမှာပါ။

ဆာလာ အပြင် ဗန်ဒိုက်ကိုလည်း သက်တမ်းတိုးခဲ့မယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ ၃၃ အထက် ကစားသမား ၂ ဦးကို ဆက်နေရာပေးရမှာက အလုပ်ဖြစ်မလား မေးခွန်းကြီးရှိနေတာ ဖြစ်ပါတယ်။