

နိုင်ငံတကာသီတင်းပတ်အပြီး ၂ ပတ် လောက်အတွင်း ဂျိုတာ ပြန်ကစားနိုင်တော့မယ်လို့ နည်းပြဆလော့က အတည်ပြုပါတယ်။
နိုင်ငံတကာသီတင်းပတ်ကို အဆင့် ၁ ဖြင့် ဦးဆောင်ဖို့ ဒီအပတ် အက်စတွန်ဗီလာပွဲမှာ လီဗာပူး အားထည့်ကာ အနိုင်ကစားလိမ့်မယ်လို့ (ဂန်းနားဟောင်းကြီး ပေါမာဆန်ကလွဲလို့) အင်္ဂလန်သုံးသပ်သူတွေက ပြောပါတယ်။
ပရိသတ်တွေပေးတဲ့ အောက်တိုဘာလရဲ့ လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆာလာကပဲ ရရှိသွားပါတယ်။
ကစားသမားတွေရဲ့ စာချုပ်ကိစ္စကို မီဒီယာရှေ့မှာ ထုတ်ပြောခြင်းထက် နောက်ကွယ်မှာ ရစ်ချက်ဟုချ်နဲ့ ကို်ယ်တိုင် ဆွေးနွေးတိုင်ပင်ရတာကိုပဲ ပိုမို အလေးပေးလိုကြောင်း ဆလော့က ဆိုပါတယ်။
ဒီရာသီမှာ ချယ်ဆီးကနေ ခေါ်ယူထားတဲ့ ကြယ်ပွင့် တိုက်စစ်သမား နူးမိုဟာကို စီနီယာအသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ပေးထားပါတယ်။
အီဂျစ်အသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ မိုဆာလာကို လက်ရွေးစင်အသင်းအတွက် မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဆာလာဟာ မန်စီးတီး၊ ရီးရဲလ်ပွဲတွေအတွက် အင်ပြည့်အားပြည့် ရှိနေပါလိမ့်မယ်။
လူးဝစ် ဒီယက်ဇ်ဟာ ဗီလာပွဲမှာလည်း နံပါတ် ၉ သမားအဖြစ် ဆက်ပြီး ပွဲထွက်ခွင့်ရနိုင်တဲ့ အနေအထားလို့ နားလည်ရပါတယ်။
ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းရဲ့ ဦးစားပေး ဘယ်အစွန်လူအဖြစ်ကနေ လျှောကျလာနေပြီး ကိုစတက်နဲ့ နေရာပြိုင်ဆိုင်မှု ပြင်းထန်လာပါတော့မယ်။
မက်ဒရစ် အခြေစိုက်တွေတင် မဟုတ်ဘဲ ကက်တလန် အခြေစိုက်တွေကပါ ချူအာမီနီကို လီဗာပူး ပြန်လည် ချိတ်ဆက်လိမ့်မယ်လို့ ဖော်ပြလာနေပါတယ်။
လီဗာပူးအသင်းဟာ ဘရန့်ဝိတ်ကို သဘောကျပေမယ့် ကလပ်တွေကြား သမိုင်းအစဉ်အလာအရ ခံစစ်မှူးကို ခေါ်ယူရေး ယူနိုက်တက်ကို အသာရဖွယ် မရှိပါဘူး။
ဖရန့်ဖတ် အားကစားဒါရိုက်တာ ထုတ်ပြောလာမှုအရတော့ သူတို့ တိုက်စစ်သမား မာမိုစ့်အတွက် ထိပ်သီး တစ်သင်းသင်းထံက ကမ်းလှမ်းမှုရထားတဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။