ဒီယက်ဇ်၊ ဂျုံးတို့ ပွဲထွက်ကနေ ဦးဆောင်သွားမယ့် အက်စတွန်ဗီလာပွဲ ဖြစ်လာဖွယ် လူစာရင်း

ဒီအပတ်မှာ လီဗာပူးအသင်းက အက်စတွန်ဗီလာကို အိမ်ကွင်းပွဲအဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးက ကြားရက်မှာ ချန်ပီယံလိဂ် ကစားထားပြီး လီဗာပူးက ၁ ရက် ပိုအနားရထားပါတယ်။

Team news

  • နိုင်ငံတကာသီတင်းပတ်အပြီး ၂ ပတ်လောက်နေရင် ဂျိုတာ ပြန်ကစားနိုင်ပါမယ်။
  • ခီယေဆာဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မှာပါ။
  • အယ်လီဆန်နဲ့ ဟာဗေးတို့ ဆက်လွဲပါဦးမယ်။

Liverpool’s XI vs. Aston Villa

ကျနော်တို့ ပြောခဲ့သလိုပဲ အာနယ် ဆလော့ရဲ့ ပွဲထွက်လူစာရင်းဟာ ကြိုတင်မှန်းဆဖို့ရာ ပိုမို ခက်ခဲလာပါတယ်။ ဒါဟာ ပရိသတ်တွေအတွက်တင် မဟုတ်ဘဲ ပြိုင်ဘက် အသင်းဘက်က နည်းစနစ်ပိုင်း စိစစ်သူတွေအတွက်ပါ အခက်တွေ့လာစေတဲ့ အခြေအနေပါ။

ဥပမာအားဖြင့် ဘယ်အစွန်မှာ ရော်ဘတ်ဆန်ဟာ ပုံမှန် ပွဲကစားခွင့်ရသူ မဟုတ်တော့ပါဘူး။ ကွင်းလယ်ဟာ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘိုကို ပင်တိုင်သုံးမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် တိုက်စစ်မှာလည်း ဘယ်သူမှ မထင်ထားတဲ့ ဒီယက်ဇ်က နံပါတ် ၉ နေရာကို ဝင်ယူလာနေပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် ကစားထားရခြင်းနဲ့ ကြံ့ခိုင်မှု အခြေအနေတွေအရ အက်စတွန်ဗီလာပွဲမှာ ကလယ်ဟာနဲ့အတူ ခံစစ်က ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရိုဘိုတို့ ပွဲထွက်လာမယ် ခန့်မှန်းထားပါတယ်။

ကွင်းလယ်မှာတော့ ဆိုဘို အစား ကာတစ်ဂျုံး ဆက်ပြီး နေရာရမယ်လို့ ယူဆရပြီး အထောင်တိုက်စစ်မှာ ဒါဝင်ကို ပြန်နေရာပေးကာ ဒီယက်ဇ်ကို ဘယ်ခြမ်း ထုတ်သွားဖွယ် ရှိပါတယ်။ ညာခြမ်းမှာတော့ မပါမဖြစ်တဲ့ ဆာလာဖြစ်လာပါလိမ့်မယ်။